Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ပထမအကြိမ် ထုတ်ချေး


01 Jun,2026

ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ပထမအကြိမ် ထုတ်ချေး

*********************************************နေပြည်တော် မေ ၁
           သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ရွာတော်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမ ပျောက်လည်ပတ်ရန်ပုံငွေ ပထမအကြိမ် ထုတ်ချေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်သည်။
          ရှေးဦးစွာ ဇေယျာသီရိခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးကက ရပ်မိရပ်ဖများ၊ အသင်းသား၊ အသင်းသူများနှင့် တွေ့ ဆုံကာ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးရခြင်း၏ရည်ရွယ်ချက်၊ ရရှိလာမည့် အကျိုးကျေးဇူးများနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားသည်။
         ဆက်လက်၍ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ် ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၂၉၄သိန်းကို လွှဲပြောင်းပေးအပ်သည်။
        ထို့နောက် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ရွာသစ်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ကိုးဦးကို ငွေကျပ် ၈၉သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၃ ဦးကို ငွေကျပ် ၁၁၅သိန်း၊ အ ရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၃၀ဦးကို ငွေကျပ်သိန်း ၉၀၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၆၂ဦးကို ပထမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၂၉၄သိန်းကို အတိုးနှုန်းသက်သာစွာ တစ်ဦးချင်းလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
         
နော်လူး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်