Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ကျောင်းဆင်းများအား တွေ့ဆုံမှာကြား


02 Jun,2026

နေပြည်တော် ဇွန် ၁

          ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း) တို့မှ ၂၀၂၆ ခုနှစ်၊ မေလတွင် ကျောင်းဆင်းသည့် ကျောင်းသားကျောင်းသူ (၆၁) ဦးနှင့် တွေ့ဆုံပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ကျောင်းဆင်းများအား မိမိတို့ဝန်ကြီးဌာနမှ နွေးထွေး စွာကြိုဆိုပါကြောင်း၊ ဝန်ကြီးဌာန၏တန်ဖိုးဖြစ်သော “စိတ်ဓာတ်စည်းကမ်းကောင်းမွန်မှု၊ တာဝန်ယူမှုတာဝန်ခံမှု၊ ပြည်သူအတွက်ဝန်ဆောင်မှုကောင်းပေးသည့် အလေ့အထရှိမှု၊ ရိုးသား ဖြောင့်မတ်မှုနှင့် ယုံကြည်ကိုစားခံနိုင်မှု” စသည့် တန်ဖိုးများအပေါ် အခြေခံ၍ သမဝါယမစနစ်ဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသများ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိသားစုဝင်ငွေ တိုးရေးလုပ်ငန်းများကို ရည်မှန်းချက်ထား ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက် ရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှု မြှင့်တင်ရေးအတွက် သမဝါယစနစ်ကို မဏ္ဍိုင်ပြု၍ သမဝါယမဦးစီးဌာနနှင့် အသေးစားစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနတို့မှ ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးလုပ်ငန်းများကို ဦးဆောင်ကာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ အထောက်အကူပြု ဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျောင်းဆင်းဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ၊ သက်ဆိုင်ရာဦးစီးဌာနများ၏ လုပ်ငန်း တာဝန်များကို သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းခွင်ဝင်သင်တန်းကို ဖွင့်လှစ်ပို့ချပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာမှာ ဌာနတွင်း စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်ဖြင့် အလုပ်တာဝန်အပေါ် ဂုဏ်ယူစွာ တာဝန်ထမ်းဆောင်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ နိုင်ငံတော်မှ ချမှတ်ထားသော ဥပဒေများကို လိုက်နာရမှာဖြစ်သလို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကိုလည်း လိုက်နာရကြမှာ ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကိုယ်ရောက်ရှိရာဒေသရှိ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများကို စေတနာထား ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိမိတို့ ရရှိထားသည့် ပညာရပ်နှင့် ကျွမ်းကျင်မှုများကို အခြေခံ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ အကျိုးစီးပွားအတွက် အားထားရသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ဖြစ်လာမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ နိုင်ငံတော်က လိုအပ်ချက်အရ စေတနာထားပြီး လေ့ကျင့်ပျိုးထောင်ထားသူများဖြစ်၍ မိမိတို့ဒေသဖွံ့ဖြိုးရေး၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးရေးကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားပြီးနောက် ကျောင်းဆင်းဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်