Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်တံခါးမြို့နယ် ခလောင်ကျေးရွာ၌ ကျေး ရွာကုန်ထုတ်လမ်းကွန်ရစ်ခင်ခြင်းလုပ်ငန်းပြီးစီးမှုစစ်ဆေး


02 Jun,2026

ကျောက်တံခါးမြို့နယ် ခလောင်ကျေးရွာ၌ ကျေး ရွာကုန်ထုတ်လမ်းကွန်ရစ်ခင်ခြင်းလုပ်ငန်းပြီးစီးမှုစစ်ဆေး
=====================================
ကျောက်တံခါး၊ ဇွန်-၂
 
     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာ န၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ဂုံမင်းကွင်းကျေးရွာ အုပ်စု၊ ခလောင်ကျေးရွာ၌ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျေးရွာကုန်ထုတ်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။
     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်တံခါး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ပိုးအိဖြူကိုနှင့် တာဝန် ခံအင်ဂျင်နီယာဝန်ထမ်းများမှ ကျေးရွာကော်မတီဝင်များနှင့်အတူ ခလောင်ကျေးရွာ၌ ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှ့စစ်‌ဆေးကြပြီးနောက်မြို့နယ်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များကို ဆောင်ရွက်ပြီးကုန်ထုတ်လမ်းအား အကျိုးရှိစွာအသုံးပြာကြရန်နှင့် ရေရှည် အသုံးပြုနိုင်‌ရေးသက်ဆိုင်သူအားလုံးကဝိုင်းဝန်းထိန်းသိမ်းကြရန်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
    ကျောက်တံခါးမြို့နယ် ခလောင်ကျေးရွာ၌ အ ရှည် ၁၃၂၀ ပေ၊ အကျယ် ၈ ပေ၊ အမြင့် ၆ လက်မရှိသော ကျေးရွာကုန်ထုတ်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးရန်ပုံငွေကျပ် ၆၃ ဒဿမ ၂၅ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများမှတာဝန်ယူ၍ ၂၀၂၆ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယ ခုအခါ ရာနှုန်း‌ပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ် ကြောင်း၊ အဆိုပါလုပ်ငန်းများအားလုံးရာနှုန်း ပြည့်ဆောင်ရွက်ပြီးစီးမှုကြောင့် ခလောင်ကျေးရွာရှိ အိမ်ခြေ ၂၂၅ အိမ်မှ လူဦးရေ ၁၀၁၀ ဦးတို့၏ သွားလာရေးလွယ်ကူ‌နေပြီးပြီး လယ်ယာထွက်ကုန် ကုန်သီးနှံများ‌ ဈေးကွက်သို့အချိန်တိုအတွင်းတင်ပို့ ရောင်းချနိုင်ပြီဖြစ်‌ကြောင်း ကျောက်တံခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ပိုးအိဖြူကိုထံမှ သိရသည်။
ကိုညို(ကျေးလက်)
 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်