Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) (၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ်၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲ ကျင်းပ


01 Jun,2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်လှစ်မည့်အခမ်းအနားကို (၂၉.၅.၂၀၂၆)ရက်နေ့၊ နံနက် (၉း၃၀)အချိန်တွင် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာ စကားပြောကြားပြီးနောက် တက်ရောက်လာသည့် ကုမ္ပဏီများမှ မိတ်ဆက်စကားပြောကြားခြင်း၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ အတွင်းရေးမှူးမှ တင်ဒါစည်းမျဉ်းများနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကာ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ ဥက္ကဋ္ဌမှ နိဂုံးချုပ် စကားပြောကြားခဲ့ပြီးနောက် ဖွင့်ပွဲအခမ်းအနား ပြီးမြောက်ခဲ့ပါသည်။
ဆက်လက်၍ ကျပ်သန်း (၂၀၀) အထက် လုပ်ငန်း(၃)မျိုးနှင့် ကျပ်သန်း (၂၀)မှ ကျပ်သန်း (၂၀၀)အထိ လုပ်ငန်း (၄)မျိုး စုစုပေါင်း လုပ်ငန်း (၇)မျိုးအတွက် တင်သွင်းသည့် စာအိတ် (A) Technical Proposal များ ဖွင့်ဖောက်ခြင်း၊ ရမှတ်များ ကြေညာခြင်းနှင့် စာအိတ်(B) Price Proposal များ ဖွင့်ဖောက်ခြင်း၊ သတ်မှတ်စျေးနှုန်းများနှင့် အဆိုပြုစျေးနှုန်းများအား ကြေညာခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်