မိုင်းဖြတ် မြို့နယ်၌ မြို့နယ်အဆင့် မြစိမ်းရောင် ကျေးရွာ စီမံကိန်းလုပ်ငန်းသုံးသပ်ဆွေးနွေးပွဲ ကျင်းပ
မိုင်းဖြတ် ဇွန် ၃
သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသော မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်းများ နှင့်ပတ်သက်၍ မြို့နယ်အဆင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ဇွန်လ ၂ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေး ငော်မတီ ဥက္ကဌ ဦးလှမျိုးမှ အဖွင်အမှာစကား ပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထွန်းရွှေ က အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မိုင်းဖြတ် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင် က မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၊ ခေတ်မီစံပြကျေးရွာစီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ မြို့နယ်အဆင့်သုံးသပ်ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ သုံးသပ်ဆွေးနွေးရမည့် အချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသော ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက စီမံကိန်းလုပ်ငန်းလည်ပတ်မှုအခြေအနေများ၊ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ အားနည်းချက်၊ အားသာချက်များနှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြပြီး မြို့နယ်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များကဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြစိမ်းရောင် ကျေးရွာစီမံကိန်း အကောင်ထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ကျေးရွာများမှ ကော်မတီဝင်များ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြခဲ့ကြောင်း မိုင်းဖြတ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ် ခင်မေလွင် ထံမှ သိရှိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်