မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများစစ်ဆေး
မိုးညှင်း ဇွန် ၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညောင်ကိုင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ ဆောင်ရွက်ထားမှုအခြေအနေများအား ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက ခရိုင်နှင့် မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြသိန်းဝင်း၊ မိုးညှင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်၊ စီမံကိန်းတာဝန်ခံတို့နှင့်အတူ ညောင်ကိုင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ ဆောင်ရွက်ထားမှု၊ စာရင်းဇယားများ မှန်ကန်စွာရေးသွင်းထားမှုနှင့် စီမံကိန်းလက်စွဲစာစောင်ပါညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ထားမှုရှိ၊မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး ရန်ပုံငွေများ ရေရှည်တည်တံ့စေရေး၊ ရန်ပုံငွေများဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး၊ ကြွေးကျန်များမဖြစ်စေရန်နှင့် အတိုးအရင်းများအားသတ်မှတ်ကာလများတွင် အကြေပေးသွင်းနိုင်ရေးကို အလေးထားလိုက်နာဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။
အဆိုပါ ညောင်ကိုင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာအရင်းမပျောက်လည်ပတ်ရန်ပုံငွေစီမံကိန်းကို ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၇၆ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၅၀ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁ဦး၊စုစုပေါင်း အသင်းသား ၁၂၇ဦးကို မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ် ၄၆၆သိန်း ထုတ်ချေးပေးထားကြောင်း မိုးညှင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်ထံက သိရသည်။
ချစ်ဦးကို
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်