မိုးညှင်းမြို့နယ် သာယာကုန်းကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း သင်ကြားနေမှုအား ကြည့်ရှုစစ်ဆေး
မိုးညှင်း ဇွန် ၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ် မိုးညှင်းခရိုင်မိုးညှင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရက်(၁၀၀)စီမံချက်ဖြင့် သာယာကုန်းခေတ်မီစံပြကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း သင်ကြားနေမှုအား ဇွန် ၂ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းရာတွင် မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြသိန်းဝင်း၊ မိုးညှင်းမြို့နယ်ဦးစီးမှူး ဦးဌေးမြင့်တို့နှင့်အတူ ရက်(၁၀၀)စီမံချက်ဖြင့် သာယာကုန်းခေတ်မီစံပြကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း လက်တွေ့သင်ကြားပို့ချနေမှုအား ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဦးမြသိန်းဝင်းက သင်တန်းပြီးဆုံးသွားပါကလည်း မိသားစုဝင်ငွေတိုးပွါးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးအတွက် ဌာနမှဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့်ချိတ်ဆက်၍ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးေပြာကြားသည်။
အဆိုပါသင်တန်းသို့ မိုးညှင်းမြို့နယ် သာယာကုန်းခေတ်မီစံပြကျေးရွာမှ သင်တန်းသူ ၂၀ ဦးတက်ရောက်ကာ မေလ ၁ ရက်နေ့မှ ဇွန်လ ၁၄ရက်နေ့ထိ သင်တန်းကာလ ၄၅ ရက်ကြာ အခြေခံအပ်ချုပ်ခြင်းဆိုင်ရာပညာရပ်များကို လက်တွေ့သင်ကြားပို့ချေပးလျက်ရှိကြောင်း မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြသိန်းဝင်းထံက သိရသည်။
ချစ်ဦးကို
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်