Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပန်းတောင်းမြို့နယ် အုပ်ဖိုကျေးရွာ၌ VDP စီမံကိန်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုစစ်ဆေး


04 Jun,2026

ပန်းတောင်းမြို့နယ် အုပ်ဖိုကျေးရွာ၌ VDP စီမံကိန်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုစစ်ဆေး

=================================================
ပန်းတောင်း၊ ဇွန်-၃
 
     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာ န၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် အုပ်ဖိုကျေးရွာ၌ ကျေးရွာဖွံ့ ဖြိုးတိုး တက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေနှင့်ကျေး ရွာပြည်သူလူထုထည့်ဝင်ငွေများဖြင့်ကျေးရွာတွင်း လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီး မှုအခြေအနေများကို တာဝန်ရှိသူများမှ ယနေ့နံ နက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။
     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်‌ေမနှင်းဦးနှင့် တာဝန်ခံအင်ဂျင် နီယာဝန်ထမ်းများမှ ကျေးရွာကော်မတီဝင်များနှင့်အတူ အုပ်ဖိုကျေးရွာ၌ ကျေးရွာတွင်းလမ်းကွန် ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေ အနေများကို ကြည့်ရှ့စစ်‌ဆေးကြပြီးနောက် မြို့ နယ်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များကို ဆောင်ရွက်ပြီး ကျေးရွာကွန် ကရစ်လမ်းအားအကျိုးရှိစွာအသုံးပြုကြရန်နှင့် ရေရှည်အသုံးပြုနိုင်‌ရေးသက်ဆိုင်သူအားလုံးက ထိန်းသိမ်းကြရန်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
    ပန်းတောင်းမြို့နယ် အုပ်ဖိုကျေးရွာ၌ အရှည် ၅၂၀ ပေ၊ အကျယ် ၈ ပေ၊ အမြင့် ၆ လက်မရှိသော ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေကျပ် ၁၅ သန်း၊ ကျေးရွာပြည်သူလူ ထုထည့်ဝင်ငွေကျပ် ၅ ဒဿမ ၃၁ သန်း၊ စုစု ပေါင်းငွေကျပ် ၂၀ ဒဿမ ၃၁ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများ၏ နည်းပညာကူညီမှုဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် မေလ ၆ ရက်နေ့မှ စတင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ရာ ယခုအခါ ရာနှုန်း‌ပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများအားလုံးရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုကြောင့် အုပ်ဖိုကျေးရွာရှိ အိမ်ခြေ ၂၅၅ အိမ်မှ လူဦးရေ ၆၉၉ ဦး တို့၏ သွားလာရေးလွယ်ကူ‌နေပြီး ယခင်ကထက်လူမှုစီးပွားဘဝများပိုမိုဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း ပန်း‌တောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်‌မေနှင်းဦးထံမှ သိရသည်။
 
အောင်မျိုး(ပန်းတောင်း)
 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်