Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေနံချောင်းမြို့နယ် ဘဲဆိပ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး


04 Jun,2026

ရေနံချောင်းမြို့နယ် ဘဲဆိပ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး

**********************************************
ရေနံချောင်း ဇွန် ၄
         
     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကဘဲဆိပ်ကျေးရွာအုပ်စု၊ ဘဲဆိပ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဇွန် ၃ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မေသက်နိုင်၊ ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းနှင့် ဝန်ထမ်းများက ဘဲဆိပ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ် ၅၂ ဒသမ ၃သန်းဖြင့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ထားရှိမှုအ‌ခြေအနေ၊ ချေးငွေစာချုပ်ပါအတိုင်း အမှန်တကယ် လိုက်နာဆောင်ရွက်ထားခြင်းရှိ၊ မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်‌ပေးခဲ့သည်။
       ဘဲဆိပ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က စတင်ဆောင်ရွက်ခဲ့ရာ စီမံကိန်းရန်ပုံငွေဖြင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၂၀ဦးကို ငွေကျပ် ၄၇ ဒသမ ၁သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ခုနှစ်ဦးကို ငွေကျပ် ၂ ဒသမ ၄၅သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ လေးဦးကို ငွေကျပ် ၁ ဒသမ ၆၅သန်း၊ ရေလုပ်ငန်း လုပ်ကိုင်သူ သုံးဦးကို ငွေကျပ် ၁ ဒသမ ၁သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၃၄ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၅၂ ဒသမ ၃သန်း ထုတ်ချေးပေးထားကြောင်း သိရသည်။
 
နော်လူး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်