Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်တံခါးမြို့နယ် ထောက်ကြံ့ကျေးရွာ၌ ကုန် ထုတ်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက် ပြီးစီးမှုစစ်ဆေး


04 Jun,2026

ကျောက်တံခါးမြို့နယ် ထောက်ကြံ့ကျေးရွာ၌ ကုန် ထုတ်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက် ပြီးစီးမှုစစ်ဆေး
=====================================
ကျောက်တံခါး၊ ဇွန်-၄
 
     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာ န၊ ပဲခူးတိုင်းဒေသကြီး၊ ‌ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက် ၁၀၀ စီမံချက်ဖြင့် ကံကလေးကျေးရွာအုပ်စု၊ ထောက်ကြံ့ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးနေမှု အခြေအနေများကို တာဝန်ရှိသူများမှ ယနေ့နံနက် ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးကြကြောင်းသိရ သည်။
     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်တံခါး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ပိုးအိဖြူကိုနှင့် ဝန်ထမ်း များမှ ကျေးရွာ‌ကုန်ထုတ်လမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ထောက်ကြံ့ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းကွန်ကရစ်ခင်းခြင်းလုပ် ငန်းဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကိုကြည့်ရှု့စစ်ဆေးကြပြီးနောက် မြို့နယ်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာကုန်ထုတ်လမ်း ဖြစ်မြောက်ရေးကော်မတီဝင်များနှင့်တွေ့ဆုံကာ ဆောင်ရွက်ပြီးကုန်ထုတ်လမ်းသစ်အားအကျိုးရှိစွာအသုံးပြုကြရန်နှင့် ရေရှည်အသုံးပြုနိုင်ရေးသက်ဆိုင်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းပေးကြရန်လမ်းညွှန်မှကြားခဲ့ကြောင်းသိရသည်။
      ကျောက်တံခါးမြို့နယ် ထောက်ကြံ့ကျေးရွာ၌ အရှည် ၁၃၂၀ ပေ၊ အကျယ် ၈ ပေ ၊ အမြင့် ၆ လက်မရှိသော ကျေးလက်ကုန်ထုတ်လမ်းကွန်က ရစ်ခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးရန်ပုံငွေ ကျပ် ၆၃ ဒဿမ ၂၅ သန်းအသုံးပြုပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများမှ တာဝန်ယူ၍ ၂၀၂၆ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှစတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင် ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ အားလုံးရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ထောက်ကြံ့ကျေးရွာရှိ အိမ်ခြေ ၅၂ အိမ်မှ လူဦး ရေ ၄၀၅ ဦးတို့၏ သွားလာရေးလွယ်ကူပြီး လယ် ယာ‌ထွက်ကုန်သီးနှံများဈေးကွက်သို့ အချိန်မီတင် ပို့နိုင်မည်ဖြစ်ကြောင်း ကျောက်တံခါးမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ပိုးအိဖြူကိုထံမှ သိရသည်။
ကိုညို(ကျေးလက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်