Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရွှေတောင်မြို့နယ်၌ အသက်မွေးဝမ်း‌ကျောင်း အထောက်အကူပြု စတီးသံပန်းသံဂ‌ဟေဆက်သင်တန်းဖွင့်လှစ်


04 Jun,2026

ရွှေတောင်မြို့နယ်၌ အသက်မွေးဝမ်း‌ကျောင်း အထောက်အကူပြု စတီးသံပန်းသံဂ‌ဟေဆက်သင်တန်းဖွင့်လှစ်

*********************************************
ရွှေတောင် ဇွန် ၃
           သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ရက်(၁၀၀)စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စတီးသံပန်းသံဂဟေဆက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
         ရှေးဦးစွာ ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ရွှေဝါက အဖွင့်အမှာစကားပြောကြားကာ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စတီးသံပန်းသံဂဟေဆက်သင်တန်း ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားသည်။
         ဆက်လက်၍ သင်တန်းနည်းပြဆရာက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များ၊ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ပြောကြားသည်။
         ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌ ဦးဟံဝင်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်လာကြသော သင်တန်းသားများထံ သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။
       အဆိုပါသင်တန်းကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား ၂၀ ဦးတက်‌ရောက်ကြပြီး သင်တန်းတွင် ကျွမ်းကျင်နည်းပြဆရာများက စတီးသံပန်းသံဂဟေဆက်နည်းများကို ဇွန် ၂ရက်မှ ဇူလိုင် ၁ရက်နေ့အထိ တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြာင်း သိရသည်။
 
ဆက်လူ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်