Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်တွင်းကြီးမြို့နယ် ရွှေညောင်ပင်ကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီးမှုစစ်ဆေး


04 Jun,2026

တောင်တွင်းကြီးမြို့နယ် ရွှေညောင်ပင်ကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီးမှုစစ်ဆေး


   တောင်တွင်းကြီး ၊ဇွန်လ ၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၂၆ - ၂၀၂၇ခုဘဏ္ဍာရေးနှစ်တွင်တောင်တွင်းကြီးမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ၌ (VDP)စီမံကိန်းဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းကတာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုး နှင့် တာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များနှင့်အတူ ရွှေညောင်ပင်ကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင် ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ မြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုးက လမ်းရေရှည်တည်တံ့ခိုင်မြဲစေရေးကျေးရွာကော်မတီဝင်များနှင့်ကျေးရွာသူ၊ကျေးရွာသားများက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
    ရွှေညောင်ပင်ကျေးရွာ၌ အရှည် ၅၀၀ပေ၊အကျယ်၁၂ပေ၊အမြင့်ခြောက်လက်မထု အတိုင်းအတာရှိကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကိို ၂၀၂၆- ၂၀၂၇ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေကျပ် ၁၅ သန်းနှင့် ကျေးရွာနေပြည်သူလူထုထည့်ဝင်ငွေကျပ် ၅သန်း၊ စုစုပေါင်းငွေကျပ်၂၀သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊အနီးကပ်ကြီးကြပ်မှုတို့ဖြင့်ကျေးရွာနေပြည်သူလူထုကိုယ်တိုင် မေလတတိယပတ်မှစတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ၊ အဆိုပါ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည့်အတွက်ရွှေညောင်ပင်ကျေးရွာရှိ  အိမ်ခြေ ၁၀၂အိမ်၊လူဦးရေ ၄၁၇ဦးတို့ရာသီမရွေးသွားလာရလွယ်ကူလာမည်ဖြစ်ပြီးလူမှုရေး၊ကျန်းမာရေးနှင့်အသက် မွေးဝမ်းကျောင်းလုပ်ငန်းများတွင်လည်း ယခင်ကထက်ပို၍ထိရောက်စွာ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  သိရသည်။ 
                                                      နွဲ့ယဥ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်