Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စေတုတ္တရာမြို့နယ် အောက်ပုံကျေးရွာ၌ မြစိမ်း ရောင်ကျေးရွာစီမံကိန်းမှချေးငွေများထုတ်ချေးပေး


07 Jun,2026

စေတုတ္တရာမြို့နယ် အောက်ပုံကျေးရွာ၌ မြစိမ်း ရောင်ကျေးရွာစီမံကိန်းမှချေးငွေများထုတ်ချေးပေး
=====================================
စေတုတ္တရာ၊ ဇွန်-၆
 
      သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာ န ‌မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ အောက်ပုံကျေးရွာ၌ (၁၂)ကြိမ်မြောက်မြ စိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမလည်ပတ်ရန် ပုံငွေများပြန်လည်ထုတ်ချေးပေးခြင်းကို ယနေ့နံ နက်ပိုင်းအချိန်က အဆိုပါကျေးရွာ၌ ဆောင်ရွက် ကြောင်းသိရသည်။
     ရှေးဦးစွာ စေတုတ္တရာမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့်ကျေးလက်နေပြည်သူများဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်တခြားစီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ စီမံကိန်းဆောင်ရွက်ခြင်းဖြင့်ရရှိလာမည့်အကျိုး ကျေးဇူးများ၊ စီမံကိန်းလုပ်ငန်းစဉ်အကြောင်းအရာများ၊ ကျေးလက်ဥပဒေ၊ နည်းဥပဒေအကြောင်းများကို ရှင်းလင်းပြောကြားသည်။
       ဆက်လက်၍ ဦးစီးအရာရှိ ဦးညိုဝင်းအောင်က စီမံကိန်းစက်ဝန်းကာလနှင့် အတိုးနှုန်းသတ် မှတ်ချက်များ၊ ချေးငွေထုတ်ချေးပေးရာတွင်လိုက် နာရမည့် စည်းကမ်းသတ်မှတ်ချက်များကိုပြော ကြားပြီးနောက် မြို့နယ်ဦးစီးမှူးက စီမံကိန်းရန်ပုံ ငွေကျပ် ၄၁ ဒဿမ ၅၀ သန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံသို့ပေး အပ်သည်။
      ထို့နောက် မြို့နယ်ဦးစီးမှူး၊ စီမံကိန်းတာဝန်ခံ နှင့်ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက အောက် ပုံကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူ ၈၅ ဦးကိုချေးငွေကျပ် ၃၄ ဒဿမ ၈၅ သန်း၊ မွေး မြူရေးလုပ်ငန်းဆောင်ရွက်သူ ၁၄ ဦးကိုချေးငွေ ကျပ် ၃ ဒဿမ ၄၅ သန်း၊ ရောင်းဝယ်ရေးလုပ်ငန်း ဆောင်ရွက်သူ တစ်ဦးကိုချေးငွေကျပ် သုည ဒဿ မ ၆၀ သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဆောင်ရွက်သူ ခုနှစ်ဦးကိုချေးငွေကျပ် ၂ ဒဿမ ၆၀ သန်း၊ စုစုအသင်းသားအသင်းသူ ၁၀၇ ဦးကို (၁၂)ကြိမ်မြောက်မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၁ ဒဿမ ၅၀ သန်းကို အတိုးနှုန်းသက်သာစွာဖြင့် တစ်ဦးချင်းစီ၏လက်ဝယ်အရောက်ထုတ်ချေးပေးခဲ့ကြောင်း စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းထံမှ သိရသည်။
ကိုညို(ကျေးလက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်