Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဇေယျာသီရိမြို့နယ် ရှမ်းရွာကျေးရွာ၌ RBF စီမံကိန်းရန်ပုံငွေ ထုတ်ချေး


07 Jun,2026

ဇေယျာသီရိမြို့နယ် ရှမ်းရွာကျေးရွာ၌ RBF စီမံကိန်းရန်ပုံငွေ ထုတ်ချေး

*********************************************
နေပြည်တော် ဇွန် ၇   
         သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်‌မြေ နေပြည်‌တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ရက် ၁၀၀ စီမံချက်ဖြင့် ကျောက်ချက်ကျေးရွာအုပ်စု၊ ရှမ်းရွာ ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူ ထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်းရန်ပုံငွေထုတ်ချေး ခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
       ရှေးဦးစွာ ဇေယျာသီရိခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးက ရှမ်းရွာ ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်လုပ်သူများ၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီး ရရှိစေရန်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်တတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် RBF စီမံကိန်းရန်ပုံငွေ ထုတ်ချေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
        ဆက်လက်၍ ဇေယျာသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုး ဇော်က အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေး ငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက ရှမ်းရွာကျေးရွာတွင် အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်မည့် စိုက်ပျိုးရေးလုပ်ငန်းအဖွဲ့ သုံးဖွဲ့၊ မွေးမြူရေးလုပ်ငန်းအဖွဲ့ တစ်ဖွဲ့မှ အသင်းသား၊ အသင်းသူ ၂၀ဦးအား ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်းရန်ပုံငွေကျပ်သိန်း ၃၀၀ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
 
 
နော်လူး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်