Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းလှမြို့နယ် သဖန်း‌ချောင်းကျေးရွာ၌ လျှပ်စစ် ဂဟေဆက်သင်တန်းဆင်းပွဲကျင်းပ


05 Jun,2026

မင်းလှမြို့နယ် သဖန်း‌ချောင်းကျေးရွာ၌ လျှပ်စစ် ဂဟေဆက်သင်တန်းဆင်းပွဲကျင်းပ
*********************************************
မင်းလှ၊ ဇွန်-၅
     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အ ခွင့်အလမ်းများရရှိ‌စေရန်၊ တစ်နိုင်တစ်ပိုင်ကိုယ် ထူကိုယ်ထလုပ်ငန်းများ ဆောင်ရွက်လာနိုင်ပြီး လူ မှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ် စစ်ဂ‌ဟေဆက်သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၄ ရက်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်သည်။
         ရှေးဦးစွာ မင်းလှမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီဥက္ကဌ ဦးသန်းထွန်းအောင်က သင်တန်းဆင်းအမှာစကား ပြောကြားသည်။
        ဆက်လက်၍ မင်းလှမြို့နယ်ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လှမျိုးသူက သင်တန်းသားများအနေဖြင့် သင် တန်းမှပို့ချသော ဘာသာရပ်များကို လက်တွေ့လုပ် ငန်းခွင်တွင် ပြန်လည်အသုံးချကြစေလိုကြောင်း၊ ကိုယ်တိုင်တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လိုပါက အရင်းအနှီးများရရှိရေး ချိတ် ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပါသည်။
     ထို့နောက် မင်းလှမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီ ဥက္ကဌ ဦးသန်းထွန်းအောင်၊ မင်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လှမျိုးသူနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ သင်တန်းကာလပြီး မြောက်အောင်တက်ရောက်ခဲ့သော သင်တန်းသား များအား သင်တန်းဆင်းလက်မှတ်များ ပေးအပ် သည်။
       အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက် အကူပြု လျှပ်စစ်ဂဟေဆက်သင်တန်းကို သဖန်း ချောင်းကျေးရွာနှင့် အနီပတ်ဝန်းကျေးရွာများမှ သင်တန်းသား(၂၀)ဦးတက်‌ရောက်ကြောင်း၊ ကျွမ်း ကျင်နည်းပြနှစ်ဦးက လျှပ်စစ်ဂဟေဆက်နည်းများကို မေလ ၅ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့အထိ ၃၀ ရက်ကြာ စာတွေ့လက်တွေ့ အခမဲ့ဖွင့်လှစ်သင် ကြားပို့ချပေးခဲ့ကြောင်း မင်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လှမျိုးသူထံမှ သိရသည်။
ကိုညို(ကျေးလက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်