Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သံဖြူဇရပ်မြို့နယ် ကဒါတ်ထောက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းမှချေးငွေများထုတ်‌ ချေးပေး


05 Jun,2026

သံဖြူဇရပ်မြို့နယ် ကဒါတ်ထောက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းမှချေးငွေများထုတ်‌ ချေးပေး
=====================================
သံဖြူဇရပ်၊ ဇွန်-၅
 
   သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကဒါတ်ထောက်ကျေးရွာ၌ (၁၂)ကြိမ်‌မြောက်မြ စိမ်းရောင်‌ကျေးရွာစီမံကိန်းအရင်းမပျောက်လည် ပတ်ရန်ပုံငွေများပြန်လည်ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာ၌ ဆောင်ရွက်ကြောင်းသိရသည်။
    ရှေးဦးစွာ သံဖြူဇရပ်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဒေါ်ဆုသန္တာလင်းမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့်ကျေးလက်နေပြည်သူများဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်တခြားစီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ စီမံကိန်းဆောင်ရွက်ခြင်းဖြင့်ရရှိလာမည့်အကျိုး ကျေးဇူးများ၊ စီမံကိန်းလုပ်ငန်းစဉ်အကြောင်းအရာများ၊ ကျေးလက်ဥပဒေ၊ နည်းဥပဒေအကြောင်းများကို ရှင်းလင်းပြောကြားသည်။
      ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက စီမံ ကိန်းစက်ဝန်းကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးပေးရာတွင်လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ဦးစီးမှူးက စီမံကိန်းရန်ပုံ‌ ငွေကျပ် ၆၉ ဒဿမ ၃၀ သန်းကိုလွှဲပြောင်းပေး အပ်သည်။
     ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများ၏ကြီးကြပ်မှုဖြင့် မြစိမ်းရောင်‌ကျေး ရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကဒါတ်ထောက်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းဆောင် ရွက်သူ ၂၉ ဦးကိုချေးငွေကျပ် ၁၇ ဒဿမ ၅၀ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ငန်းဆောင်ရွက်သူ ၂၄ ဦးကိုချေးငွေကျပ် ၂၁ ဒဿမ ၅၀ သန်း၊ ရေ လုပ်ငန်းဆောင်ရွက်သူ ၂၁ ဦးကိုချေးငွေကျပ် ၁၄ ဒဿမ ၃၀ သန်း၊  အရောင်းအဝယ်လုပ်ငန်းဆောင် ဆရွက်သူ ၁၅ ဦးကို‌ချေးငွေကျပ် ၁၆ သန်း၊ စုစု ပေါင်းအသင်းသား အသင်းသူ ၈၉ ဦးထံသို့ (၁၂) ကြိမ်မြောက်မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၆၉ ဒဿမ ၃၀ သန်းကို အတိုးနှုန်းသက်သာစွာဖြင့်ထုတ်ချေးပေးခဲ့ကြောင်း သံဖြူဇရပ်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆုသန္တာလင်းထံမှ သိရသည်။
ချိုလေး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်