သန်လျင်မြို့နယ် ဖားကူးအရှေ့ကျေးရွာကုန်ထုတ်လမ်းဘေးဝဲယာ၌ မိုးရာသီ အရိပ်ရပင်များ စုပေါင်း စိုက်ပျိုး
************************************************************************
သန်လျင် ဇွန် ၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာနက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီ ဥတုအပူဒဏ်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာပြည်သူများ ပူးပေါင်းကာ သန်လျင်မြို့နယ် ဖားကူးအရှေ့ကျေးရွာကုန်ထုတ်လမ်း၏ လမ်းဘေးဝဲယာ၌ ယနေ့နံနက် ပိုင်းက အရိပ်ရနှစ်ရှည်ပင်များ စုပေါင်း စိုက်ပျိုးခဲ့ကြသည်။
သစ်ပင်စိုက်ပျိုးရာတွင် သစ်တောဦးစီးဌာနမှ ပျိုးပင်များ ကူညီထောက်ပံ့မှုဖြင့် လွှတ်တော် ကိုယ်စားလှယ်များ၊ သန်လျင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူ၊ သန်လျင်မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မော်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာပြည်သူများနှင့် ကုန်ထုတ်လမ်းကော်မတီဝင်များက မန်ဂျန်ရှား အပင် ၅၀၀ ကို ဖားကူးအရှေ့ကျေးရွာကုန်ထုတ်လမ်း၏ လမ်းဘေးဝဲယာ၌ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဖားကူးအရှေ့ကျေးရွာကုန်ထုတ်လမ်းအရှည် တစ်မိုင်အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်က တိုင်းဒေသကြီး ရန်ပုံငွေကျပ် ၂၀၀ ဒသမ ၅၆၇ သန်းဖြင့် ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါကုန်ထုတ်လမ်း ရေရှည်တည်တံ့စေရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ် နိုင်ရန်အတွက် ကုန်ထုတ်လမ်းဘေးတလျှောက် အရိပ်ရနှစ်ရှည်ပင်များ စုပေါင်းစိုက်ပျိုးရခြင်း ဖြစ်ကြောင်း သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်