သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ ဖွင့်လှစ်ပို့ချသော Master of Public Administration (MPA)၊ Master of Applied Research (MAR) နှင့် Master of Business Administration (MBA) (4th Batch) သင်တန်းများ၏ Orientation Ceremony ကို (၆-၆-၂၀၂၆) ရက်နေ့၊ နံနက် ၉:၀၀ နာရီတွင် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ပါမောက္ခ (ဌာနမှူး)များ၊ Program Director များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာမေဂျာအသီးသီးမှ သင်တန်းသား၊ သင်တန်းသူ (၆၀) ဦး စုံစုံညီညီတက်ရောက်ခဲ့ ကြပြီး ပြင်ပပညာရှင်ဆရာမကြီးများနှင့် Programme (၃) ခုမှ သင်တန်းသား၊ သင်တန်းသူ (၂၄၂)ဦး တို့က Zoom Online စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာဥမ္မာစံက အဖွင့်အမှာစကားအနေဖြင့် ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားခဲ့ရာတွင် “လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေး ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်တစ်ခုဖြစ်လာစေရန်” ဟူသော တက္ကသိုလ်မျှော်မှန်းချက်နှင့်အညီ ဒေသဆိုင်ရာဖွံ့ဖြိုးရေး၊ လူမှုစီးပွားရေး လုပ်ငန်းစီမံခန့်ခွဲရေး၊ စာရင်းကိုင်နှင့်ဘဏ္ဍာရေး၊ ဈေးကွက်ဖော်ဆောင်ရေးနှင့် အသုံးချ စာရင်းအင်းပညာရပ်အစရှိသော အထူးပြုပညာရပ်အစီအစဉ်များ ဖွံ့ဖြိုးလာစေရန်၊ သက်ဆိုင်ရာ ပညာရပ်နယ်ပယ်များတွင် အလေးထား ပူးပေါင်းဆောင်ရွက်တတ်သော လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးရန်နှင့် သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်၍ လက်တွေ့အသုံးချနိုင်ရေးဆောင်ရွက်ရန် အဓိကတာဝန်(၃)ရပ်ကို အောင်မြင်အောင် ဆောင်ရွက်လျက်ရှိရာ ယခုအခါ HRD သင်တန်းအသီးသီးမှ မဟာဘွဲ့နှင့် Diploma ဘွဲ့ ရရှိပြီးသူ ဦးရေ (၃၄၄)ဦး ဖြစ်ပြီး ကျမ်းပြုစုလျက်ရှိသူ ဦးရေ (၄၂၁)ဦးနှင့် တက်ရောက်ဆဲဦးရေ (၅၀၃)ဦး ရှိပါ ကြောင်း ၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှ စတင်ပြီး Master of Development Studies (MDevs), Master of Financial Management(MFM) နှင့် Diploma in Entrepreneurship and Small Business Development သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း ၊ ယခုပညာသင်နှစ် မှာ ပညာဆည်းပူးကြမည့် MPA, MAR, MBA 4th Batch သင်တန်းသူ/သားများကိုလည်း တက္ကသိုလ်မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ နိုင်ငံတော်က အားထားရသော ထူးချွန် ထက်မြက်သည့် လူတော်လူကောင်း များဖြစ်ကြပါစေကြောင်း၊ သင်တန်းမှ သင်ကြားပို့ချမည့် Knowledge များနှင့် လက်တွေ့လုပ်ငန်းခွင်နယ်ပယ်မှ Experienceများ၊ Skills များကို ပေါင်းစပ်၍ နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်သွားနိုင်ကြပါစေကြောင်း ဆုတောင်းစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါက်တာကြည်ကြည်ဝင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးမျိုးသန့်အောင်နှင့် ပြင်ပပညာရှင်များဖြစ်ကြသည့် (ပါမောက္ခ၊ ဌာနမှူး(ငြိမ်း)) ဒေါ်ခင်အေးမြင့်၊ ဧည့်ပါမောက္ခ ဒေါက်တာချိုချိုဝေတို့က သြဝါဒ အမှာစကား၊ ကြိုဆို နှုတ်ဆက်စကား အသီးသီးပြောကြားခဲ့ကြပြီး၊ MPA၊ MAR နှင့် MBA သင်တန်းများမှ သင်တန်းသားကိုယ်စားလှယ်တစ်ဦးစီက သင်တန်းတက်ရောက်ခွင့်ရသည့်အပေါ် ဝမ်းသာပီတိ စကားနှင့်ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြသည်။ ၎င်းနောက် တက်ရောက်လာကြသူ များစုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်