Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေါက်ခေါင်းမြို့နယ် ကျွဲပေါင်ပင်ကျေးရွာရှိ ကျေး လက်ကုန်ထုတ်လမ်း၌ သီးပင်စားပင်များစိုက်ပျိုးခြင်းပြုလုပ်


07 Jun,2026

ပေါက်ခေါင်းမြို့နယ် ကျွဲပေါင်ပင်ကျေးရွာရှိ ကျေး လက်ကုန်ထုတ်လမ်း၌ သီးပင်စားပင်များစိုက်ပျိုးခြင်းပြုလုပ်
===============================
ပေါက်ခေါင်း၊ ဇွန်-၇
 
    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး‌ရေးဝန်ကြီးဌာန၊ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျွဲပေါင်ပင်ကျေးရွာ၌ ဆောင်ရွက်ပေးခဲ့သည့် ကျေးလက်ကုန်ထုတ်‌လမ်းဘေးဝဲယာများတွင် ၂၀၂၆ ခုနှစ် မိုးရာသီကာလ သီးပင်၊ စားပင်များစိုက်ပျိုးခြင်းကို တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာ၌ ဆောင်ရွက်ကြကြောင်းသိရသည်။
       ရှေးဦးစွာ ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းက ၂၀၂၆ ခုနှစ် မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပေးရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊ စိမ်းလမ်းစိုပြည်သည့် ပတ်ဝန်းကျင်ကောင်းနှင့် ကောင်းမွန်သည့်ရာသီဥ တုကို လက်ဆင့်ကမ်းနိုင်စေရန်၊ အရိပ်အာဝါသများရရှိစေရန်၊ သီးပင်စားပင်များကို အလွယ်တ ကူစားသုံးနိုင်ရန်အတွက် ဌာနမှဆောင်ရွက်ပေးထားသည့် ကျေးလက်ကုန်ထုတ်လမ်းပေါ်တွင် နှစ်စဉ်မိုးရာသီကာလရောက်တိုင်းသစ်ပင်စိုက်ပျိုးရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားပြီး‌နောက် မြို့နယ်ဦးစီးမှူးက သီးပင်စားပင်များကို ကျေးရွာ တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။
     ထို့နောက် ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းဦးဆောင်သောဝန်ထမ်းများ၊ ကျေးရွာသူကျေးရွာသားများ၊ ဟိန်းတေဇကုမ္ပဏီမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား ၃၀ ဦးတို့က ကျွဲ‌ပေါင်ပင်ကျေးရွာ၌ ၂၀၂၆ ခုနှစ်မိုးရာသီကာလ ကျေးလက်ကုန်ထုတ်လမ်းဘေးဝဲယာ၌ သရက်ပင်၊ ပိန္နဲပင်၊ကြောင်လျှာပင်၊ ပေါက်ပန်းဖြူပင်၊ ပေါက်ပန်းနီပင်၊ သခွက်ပင်၊ ဒန့်သလွန်ပင်၊ မယ်ဇ လီပင်၊ ဇီးပင်အစရှိသော သီးပင်စားပင် စုစုပေါင်း ၃၀၀ ပင်ကို စိုက်ပျိုးပေးခဲ့ကြောင်း ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းက ပြောပြ၍သိရသည်။
ကိုနိုင်(ကျေးလက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်