Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒိုက်ဦးမြို့နယ် ပလစ်ကျေးရွာ၌ RBF စီမံကိန်းရန်ပုံ ငွေများထုတ်ချေးပေး


07 Jun,2026

ဒိုက်ဦးမြို့နယ် ပလစ်ကျေးရွာ၌ RBF စီမံကိန်းရန်ပုံ ငွေများထုတ်ချေးပေး
=====================================
‎‌ဒိုက်ဦး၊ ဇွန်-၇
     သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ‎‎ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက် (၁၀၀)စီမံချက်ဖြင့် ပလစ်ကျေးရွာ၌ ပထမအကြိမ်မြောက်ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူ ထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF)မှ‌ချေးငွေများထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
     ‎‎ရှေးဦးစွာ ညောင်လေးပင်ခရိုင်ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရန်နိုင်ညွှန့်က အဖွင့်အမှာစကားပြောကြားသည်။   
     ဆက်လက်၍ ဒိုက်ဦးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွန်းက စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၊ အငယ်စား၊ အလတ်စားနှင့် အသေးစားစီး ပွားရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် လိုအပ်သောငွေကြေးအရင်းအနှီးရရှိစေရန်၊ အဆိုပါလုပ် ငန်းများကို အစုအဖွဲ့စနစ်ဖြင့် လုပ်ကိုင်တတ်စေရန်ရည်ရွယ်၍  ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF)မှချေးငွေများထုတ်ချေးပေးရခြင်းဖြစ်ကြောင်း၊ စီမံကိန်းမှရရှိလာမည့် အကျိုးကျေးဇူးများ၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ နည်းဥပဒေပါ ကျေး လက်နေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များကို ရှင်းလင်းပြောကြားပြီးနောက် စီမံကိန်းတာဝန်ခံဝန်ထမ်းက စီမံကိန်းစက် ဝန်းကာလနှင့်အတိုးနှုန်းသတ်မှတ်ချက်များ၊ ချေး ငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်း သတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး ခရိုင်ဦးစီးမှူးက စီမံကိန်းရန်ပုံငွေကျပ်သိန်း ၃၀၀ ကို လွှဲပြောင်းပေးအပ်သည်။
      ‎‎ထို့နောက် ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် စီမံ ကိန်းတာဝန်ခံဝန်ထမ်းတို့၏ ကြီးကြပ်မှုဖြင့် ကျေး လက်စီးပွားမြင့်မားရေးရန်ပုံငွေကြီးကြပ်မှု‌ကော်မ တီဝင်များမှ ပလစ်ကျေးရွာ၌ အသက်မွေးဝမ်း ကျောင်းအထောက်မကူပြု အစုအဖွဲ့ ၄ ဖွဲ့ကို ပထမအကြိမ်မြောက်ကျေးလက်စီးပွားမြင့်မားရေးထူ ထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF)မှကျပ်သိန်း ၃၀၀ ကိုအတိုးနှုန်းသက်သာစွာဖြင့်ထုတ်ချေးပေးခဲ့ကြောင်း ဒိုက်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင် မြင့်ထွန်းထံမှ သိရသည်။
ကိုညို(ကျေးလက်)
 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်