Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရုံးလုပ်ငန်းနှင့် အခြေခံစာရင်းရေး စာရင်းကိုင်၊ စာရင်းစစ်ကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်


09 Jun,2026

နေပြည်တော် ဇွန် ၈

သမဝါယမဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအား စာရင်းရေး စာရင်းကိုင်၊ စာရင်းစစ်လုပ်ငန်းများ တတ်ကျွမ်းစေရန်နှင့် သမဝါယမကဏ္ဍမှ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများအား သိရှိဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ရုံးလုပ်ငန်းနှင့် အခြေခံစာရင်းရေး စာရင်းကိုင်၊ စာရင်းစစ်ကျွမ်းကျင်မှုသင်တန်း(၁/၂၀၂၆)ကို သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် (၈-၆-၂၀၂၆)ရက်နေ့မှ (၁၂-၆-၂၀၂၆)ရက်နေ့ထိ ဖွင့်လှစ်လျက်ရှိရာ အဆိုပါသင်တန်းသို့ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ကျောင်းဆင်းမောင်မယ်(၂၀)ဦး၊ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ အငယ်တန်းစာရေး(၁၅)ဦး၊ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမဦးစီးဌာနအဆင့်ဆင့်မှ အငယ်တန်း စာရေး (၁၅၀)ဦး စုစုပေါင်း (၁၈၅)ဦး တက်ရောက်ကြသည်။

ထိုသင်တန်းတွင် အခြေခံစာရင်းရေး စာရင်းကိုင်ဘာသာရပ်၊ စာရင်းစစ်ဆေးခြင်း ဘာသာရပ်များအပြင် နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်များနှင့် သမဝါယမကဏ္ဍမှ ဆောင်ရွက် လျက်ရှိသည့် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများက  ရှင်းလင်းဆွေးနွေး ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်