နမ့်စန် (တ) ဇွန် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ မိုင်းစိတ်ကျေးရွာအုပ်စု၊ မိုင်းစိတ်ကျေးရွာတွင် အသင်းပိုင်ငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် မိုင်းစိတ်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းရှိ အသင်းသားတောင်သူများအတွက် သွင်းအားစု၊ မျိုးနှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းကို က အဆိုပါကျေးရွာရှိ အသင်းဥက္ကဋ္ဌ နေအိမ်တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချို နှင့် တာဝန်ရှိသူများက အသင်းသားတောင်သူ ၂၉ ဦး၏ စိုက်ဧက (၃၈၃) ဧကအတွက် သွင်းအားစု DU-12 စပါးမျိုးနှင့် ကွန်ပါင်း၊ ပုလဲဓာတ်မြေဩဇာများကို ပံ့ပိုးပေးအပ်ခဲ့ရာ မိုင်းစိတ်စိုက်ပျိုးရေး နှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းဥက္ကဋ္ဌ ဦးစိုင်းဆောနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်