Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြန်အောင်မြို့နယ် ကုန်းတလုံးကျေးရွာ အောင်မင်္ဂလာစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း ပြန်လည်ဖွဲ့စည်း၊ ဇီဝသဘာဝမြေဩဇာဖြန့်ဖြူးရောင်းချရေးဆွေးနွေး


09 Jun,2026

မြန်အောင် ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကုန်းတလုံးကျေးရွာ အောင်မင်္ဂလာ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း ပြန်လည်ဖွဲ့စည်းခြင်းနှင့် ဇီဝသဘာဝ မြေဩဇာဖြန့် ဖြူးရောင်းချရေးဆွေးနွေးပွဲကို ကုန်းတလုံးကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယမင်းသူက ကုန်းတလုံးကျေးရွာ အောင်မင်္ဂလာစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း ပြန်လည် ဖွဲ့စည်းခြင်း၊ ဒါရိုက်တာ အဖွဲ့ဝင်များနှင့် အသင်းသားစာရင်းရွေးချယ်ခြင်းတို့ ဆောင်ရွက် ပေးသည်။

ဆက်လက်၍ အောင်မင်္ဂလာစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားများ၏ မိုးမြေပဲ စိုက်ခင်းများ၊ စပါးစိုက်ခင်းများတွင် မိုးစပါး၊မိုးမြေပဲများ အထွက်နှုန်းတိုးတက်စေရေး ဇီဝသဘာဝ မြေဩဇာနှင့်ဓာတ်မြေဩဇာ (All in One Plus) ရွက်ဖြန်းဆေး အသုံးပြုခြင်းအားဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ဦးနေလင်းအောင်က ရှင်းလင်းပြောကြားခဲ့‌ကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်