Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြဝတီမြို့နယ်အတွင်းရှိသမဝါယမကဏ္ဍအလိုက် အကောင်အထည် ဖော်နိုင်ရေးဆွေးနွေး


09 Jun,2026

မြဝတီ ဇွန် ၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကရင်ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးပွင့်နှင့် မြဝတီမြို့နယ်အတွင်းရှိသမဝါယမကဏ္ဍအလိုက် အကောင်အထည် ဖော်နိုင်ရေးအတွက် မြဝန်ဆောင်မှုသမဝါယမအသင်းနှင့်ဂျီအီးစီ ဝန်ထမ်းပေါင်းစုံ သမဝါယမ အသင်းသားများနှင့် တွေ့ဆုံပွဲကို မြဝန်ဆောင်မှု သမဝါယမအသင်းရုံးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ဦးစွာ  ကရင်ပြည်နယ်၊သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်အေးပွင့်က သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ မျှော်မှန်းချက်နှင့်ရည်မှန်းချက်များ၊ အသင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းအလိုက် ဆောင်ရွက်ရမည့် အချက်များကို ချပြဆွေးနွေးသည်။

ဆက်လက်ပြီးမြဝန်ဆောင်မှုသမဝါယမအသင်းဥက္ကဋ္ဌ ဦးစိန်သောင်းက အသင်းမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေအရပ်ရပ်ကိုလည်းကောင်း၊ ဂျီအီးစီ ဝန်ထမ်း ပေါင်းစုံ သမဝါယမအသင်းတို့မှ ဥက္ကဋ္ဌနှင့် အသင်းသားများက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊တွေ့ကြုံရသည့်အခက်အခဲများကိုလည်းကောင်း တင်ပြမေးမြန်းဆွေးနွေးခဲ့ကြရာ ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးပွင့်က ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် ကရင်ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်အဖွဲ့ဝင်များက မြဝန်ဆောင်မှုသမဝါယမအသင်းနှင့် ဂျီအီးစီဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းတို့၏ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကိုကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)

ကရင်ပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်