Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တံတားဦးမြို့နယ်၌ လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေ(သက်တန့်ရောင်)စီမံကိန်းမှ သွင်းအားစု ထောက်ပံ့ပေးအပ်ပွဲကျင်းပ


09 Jun,2026

တံတားဦး ဇွန်

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် သူငယ်တော်ကျေးရွာ ရွှေငယ်မြေလယ်ယာနှင့်အထွေထွေစီပွားရေးလုပ်ငန်း သမဝါယမအသင်းစပါးစိုက် အသင်းသားတောင်သူများအား လူမှုစီးပွားမြှင့်တင်ရေး ရန်ပုံငွေ (သက်တန့်ရောင်) စီမံကိန်းမှသွင်းအားစု‌ ထောက်ပံ့ပေးအပ်ပွဲကို အဆိုပါကျေးရွာ ကိုး‌တောင်ပြည့် ဓမ္မာရုံ၌ ကျင်းပကြောင်းသိရသည်။

ထောက်ပံ့ပေးအပ်ပွဲတွင် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဆန်းလင်းက လူမှုစီးပွားမြှင့်တင်ရေး(သက်တန့်ရောင်) စီမံကိန်း လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်ပြီး အကျယ်တဝင့်ရှင်းလင်းပြောကြား၍ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးကျော်ကျော်နောင်က သွင်းအားစုများ ထောက်ပံ့‌ပေးရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာနလက်ထောက် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သွင်းအားစုများကို အသင်းသားတောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သည်။

တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ  ရွှေငယ်မြေလယ်ယာနှင့် အထွေထွေစီပွားရေး လုပ်ငန်း သမဝါယမအသင်းစပါးစိုက် အသင်းသားတောင်သူ ၂၈ ဦးရှိပြီး စပါးစိုက်ဧက ၅၀ အတွက် လိုအပ်သည့် သွင်းအားစုများနှင့် စပါးမျိုးများတန်ဖိုးငွေကျပ် ၁၄ ဒသမ ၄ သန်းအား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်