လှိုင်သာယာ (အနောက်) ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့+အနောက်ပိုင်း) မြို့နယ်၊ မြို့နယ်သမဝါယမ ဦးစီးဌာနက ရက် (၁၀၀) စီမံချက်ဖြင့် သမဝါယမအသင်း အမှုဆောင်များနှင့် အသင်းတာဝန်ခံ များအား စာရင်းများကို စနစ်တကျ ကိုင်တွယ်အသုံးပြုနိုင်စေရန်နှင့် စွမ်းရည်မြင့်မားလာစေရန် ရည်ရွယ်၍ အခြေခံစာရင်း၊ စာရင်းကိုင်သင်တန်းကို မြို့နယ်သမဝါယမအသင်းစုလီမိတက် ရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်အေသူမြင့်က အဖွင့်အမှာပြောကြားပြီး၊ ဗဟိုသမဝါယမအသင်းလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင်၊ ရန်ကုန်တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ် ဒုတိယဥက္ကဋ္ဌ ဦးမြင့်သန်းက သင်တန်းသား/ သင်တန်းသူများအား သင်တန်း၏ အကျိုးကျေးဇူးနှင့် အသင်း၏တိုးတက်လာမှု အား ရှင်းလင်းပြောကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကြည်စိုးက အားပေးစကားပြောကြားခြင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက မုဒိတာစကား ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ လှိုင်သာယာ (အရှေ့+အနောက်ပိုင်း) မြို့နယ်မှအသင်းအမှု ဆောင်များနှင့် အသင်းဝန်ထမ်းများ တက်ရောက်ကြပြီး သင်တန်းကာလမှာ ၄-၆-၂၀၂၆ ရက် နေ့မှ ၉-၆-၂၀၂၆ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်