Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သင်္ဃန်းကျွန်းမြို့နယ်၌ သမဝါယမအသင်း အမှုဆောင်များနှင့် အသင်းဝန်ထမ်းများအား အခြေခံစာရင်းရေးစာရင်းကိုင်သင်တန်း ဆက်လက်ဖွင့်လှစ်သင်ကြား


11 Jun,2026

သင်္ဃန်းကျွန်း ဇွန် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်တို့ ပူးပေါင်းဆောင်ရွက်သည့် မြို့နယ်သမဝါယမအသင်း အမှုဆောင်များနှင့် အသင်းဝန်ထမ်းများ အခြေခံစာရင်းရေးစာရင်းကိုင် သင်တန်းအား အဆိုပါအသင်းရုံးခန်းမ၌ ဆက်လက်သင်ကြားလျက်ရှိကြောင်း သိရသည်။

သင်တန်းအား သင်္ဃန်းကျွန်းမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်စိုး၏ စီစဉ်ကြီးကြပ်မှုဖြင့် သင်တန်းနည်းပြဆရာများဖြစ်သည့် တောင်ဥက္ကလာပမြို့နယ် သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်ဇော်က စာရင်းရေး၊ စာရင်းကိုင် ဘာသာရပ်အားလည်းကောင်း၊ ရန်ကုန်တိုင်းသမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေနွယ်အေး ကမူဝါဒနှင့် ရှေ့လုပ်ငန်းစဉ် ဘာသာရပ်တို့အားလည်းကောင်း သင်ကြားပို့ချလျက်ရှိသည်။ သင်တန်းကာလပြီးဆုံးမည့် ဇွန်လ ၁၂ ရက်နေ့တွင် ထူးချွန်စွာအောင်မြင်သည့် သင်တန်းသား၊ သင်တန်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆု ၂ဆု ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မိုး

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်