Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အုတ်တွင်းမြို့နယ် လက်ပံခုံကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုစစ်ဆေး


12 Jun,2026

အုတ်တွင်းမြို့နယ် လက်ပံခုံကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုစစ်ဆေး
=====================================
အုတ်တွင်း၊ ဇွန်-၁၂
 
     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ပေါက်တောကျေးရွာအုပ်စု၊ လက်ပံခုံ ကျေးရွာ၌ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျေးရွာရေ ရရှိရေးလုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကို တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။
     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အုတ်တွင်းမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာမြင့်နှင့် ဝန်ထမ်းများမှ ကျေးရွာတာဝန်ရှိသူများနှင့်အတူ လက်ပံခုံကျေး ရွာ၌ အင်ဂျင်စက်ဖြင့်ရေတင်ခြင်းလုပ်ငန်းမှ လျှပ် စစ်စနစ်သုံးရေတင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီး နေမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးကြပြီး နောက် မြို့နယ်ဦးစီးမှူးက ဆောင်ရွက်ပြီးရေရရှိရေးလုပ်ငန်းအား အကျိုးရှိစွာအသုံးပြုကြရန်နှင့် ရေရှည်အသုံးပြုနိုင်ရေးသက်ဆိုင်သူအားလုံးကဝိုင်းဝန်း ထိန်းသိမ်းကြရန် ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။
      အုတ်တွင်းမြို့နယ် လက်ပံခုံကျေးရွာ၌ အင် ဂျင်စက်သုံးရေတင်ခြင်းလုပ်ငန်းမှ လျှပ်စစ်စနစ် သုံးရေတင်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးရန်ပုံ ငွေကျပ် ၁ ဒဿမ ၇၀ သန်းအသုံးပြုပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများမှ တာဝန်ယူ၍ ယခုဘဏ္ဍာရေးနှစ် မေလ ၅ ရက်နေ့မှစတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများအားလုံးရာနှုန်းပြည့်ဆောင် ရွက်ပြီးစီးမှုကြောင့် လက်ပံခုံကျေးရွာရှိ အိမ်ခြေ ၂၀၇ အိမ်မှ လူဦးရေ ၇၃၆ ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များပါ သန့်ရှင်းသော သောက်သုံးရေကို ဖူလုံစွာရရှိနေပြီဖြစ်ကြောင်း အုတ်တွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာမြင့်ထံမှသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်