Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်တွင်းကြီးမြို့နယ် ချင်းကုန်းကျေးရွာ၌ VDP စီမံကိန်းလုပ်ငန်းများပြီးစီးမှုစစ်ဆေး


11 Jun,2026

တောင်တွင်းကြီးမြို့နယ် ချင်းကုန်းကျေးရွာ၌ VDP စီမံကိန်းလုပ်ငန်းများပြီးစီးမှုစစ်ဆေး
=====================================
တောင်တွင်းကြီး၊ ဇွန်-၁၁
 
    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်း ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွက်ရက် (၁၀၀)စီမံချက်ဖြင့် ပန်းသွယ်လေးကျေးရွာအုပ်စု၊ချင်းကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေနှင့်‌ကျေး ရွာပြည်သူလူထုထည့်ဝင်‌ငွေများဖြင့်ကျေးရွာတွင်းလမ်းကွန်ကရစ် ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီး စီးနေမှုအခြေအနေများကိုတာဝန်ရှိသူများမှ ယနေ့ နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။
    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေး၊ တောင်တွင်းကြီး မြို့နယ်‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုးနှင့် ဝန်ထမ်းများမှ ကျေးရွာကော်မတီဝင်များနှင့်အတူ ချင်းကုန်းကျေးရွာ၌ ကျေးရွာတွင်းလမ်းကွန်ကရစ် ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုအခြေအ နေများကို ကြည့်ရှု့စစ်ဆေးကြပြီးနောက် ခရိုင်ဦး စီးမှူးက ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာကော်မ တီဝင်များကို ဆောင်ရွက်ပြီးကွန်ကရစ်လမ်းအား အကျိုးရှိစွာအသုံးပြုကြရန်နှင့် ရေရှည်အသုံးပြု နိုင်ရေးသက်ဆိုင်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်း ကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
       တောင်တွင်းကြီးမြို့နယ် ချင်းကုန်းကျေးရွာ၌ အရှည် ၅၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက် မရှိသော ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီ မံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေကျပ် ၁၅ သန်း၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေကျပ် ၁၅ သန်း၊ စုစုပေါင်းငွေကျပ်သန်း ၃၀ ဖြင့် မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်း များ၏ နည်းပညာကူညီမှုဖြင့် ကျေးရွာသူကျေးရွာ သားများကိုယ်တိုင် ၂၀၂၆ ခုနှစ် မေလ ၁၅ ရက်နေ့မှစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယ ခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ် ကြောင်း၊ အဆိုပါလုပ်ငန်းများအားလုံးရာနှုန်း ပြည့်ဆောင်ရွက်ပြီးစီးမှုကြောင့် ချင်းကုန်းကျေးရွာ ရှိ အိမ်ခြေ ၁၄၀ အိမ်မှ လူဦးရေ ၅၈၀ ဦးတို့၏ သွားလာရေးလွယ်ကူနေပြီဖြစ်ကြောင်း ‌မကွေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးထံမှ သိရသည်။
ချိုလေး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်