Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ဇေယျာသီရိခရိုင်အတွင်း သမဝါယမစနစ် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု


12 Jun,2026

နေပြည်တော် ဇွန် ၁၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိ ခရိုင်အတွင်း သမဝါယမစနစ် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ရွှေဇေယျာစိုက်ပျိုးရေးသမဝါယမအသင်း အသင်းအမှုဆောင်များ၊ အသင်သားတောင်သူများ၊ ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက်လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ကျေးရွာနေ တောင်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး သမဝါယမစနစ်ဖြင့် စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအားပေး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ စုပေါင်းဆောင်ရွက်ခြင်းဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ လိုအပ်သည့် မျိုးကောင်း မျိုးသန့်၊ သွင်းအားစု ဓာတ်မြေဩဇာများ အချိန်မီရရှိရေး၊ စိုက်ပျိုးရေရရှိရေး ပူးပေါင်းဆောင်ရွက် ပေးမှာဖြစ်ပြီး တောင်သူများ၏ လိုအပ်ချက်များကိုလည်း ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဆွေးနွေးမှာကြားပြီး တက်ရောက်လာသော ကျေးရွာများမှ ဒေသခံတောင်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာတင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီးနောက် ကျေးရွာ သမဝါယမအသင်းများမှ ထွက်ရှိလာသော စပါးများအား ရွှေဇေယျာစိုက်ပျိုးရေးသမဝါယမအသင်း နှင့် အောင်နိုင်သစ္စာကုမ္ပဏီတို့ပူးပေါင်း၍ ကိုရီးယားပြည်သူ့သမ္မတနိုင်ငံနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့်  မြန်မာ-ကိုရီးယားအဆင်မြင့်ဆန်စက် တွင် စပါးကြိတ်ခွဲဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီးလိုအပ်သည်များ ဆွေးနွေး မှာကြားပါသည်။

ထို့မှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေဇေယျာစိုက်ပျိုးရေးသမဝါယမအသင်းသား တောင်သူ ဦးထွန်းကျော်၏ နွေစပါးစိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက နွေစပါးအပြီး မိုးစပါး အချိန်မီစိုက်ပျိုးနိုင်ရေး လိုအပ်သည့် သွင်းအားစုများ အချိန်မီရရှိရေး သက်ဆိုင်ရာ တာဝန်ရှိသူများက ချိတ်ဆက်ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြား ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ညောင်လူးကျေးရွာသို့ သွားရောက်ပြီး ကျေးရွာဘက်စုံသုံးခန်းမ၌ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ‌ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆက်စပ်ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေများ၊ ကျေးရွာသန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် သမဝါယမစနစ်ကို မဏ္ဍိုင်ပြု၍ သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ စုပေါင်း အားဖြင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင်ဆောင်ရွက်နေပါကြောင်း၊ စိုက်ပျိုးရေးထုတ်လုပ်မှု တိုးတက်ရေး သွင်းအားစုများသုံးစွဲရန်လိုအပ်ပါကြောင်း၊ စနစ်ကျသော စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဖြစ်စေရေးအတွက် လိုအပ်သည့် နည်းပညာများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ ဒေသခံတောင်သူများ အနေဖြင့်လည်း ပန်းတိုင်အထွက်နှုန်းရရှိရေး စနစ်ကျတဲ့ စိုက်နည်းစနစ်များနှင့်အညီ စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ပူးပေါင်းပါဝင်ဆောင်ရွက် ကြစေလိုကြောင်း၊ ကျေးရွာနေပြည်သူများမှလည်း ပြည်သူကိုယ်တိုင်ပါဝင်သော ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဖော်ဆောင်ရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီးပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးရွာအတွင်း အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ပို့ချခဲ့သော အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး ပြုပြင်ထိန်းသိမ်း နည်းသင်တန်းမှ သင်တန်းဆင်းပြီး လုပ်ငန်းပစ္စည်းများထောက်ပံ့ပေးထားသော သင်တန်းသား တစ်ဦး၏အိမ်သုံးလျှပ်စစ်ပစ္စည်းများ ပြုပြင်ရေးလုပ်ငန်းဆောင်ရွက်နေမှုအားလည်းကောင်း၊ ပြည်သူ လူထုပူးပေါင်းဆောင်ရွက်မှုစနစ်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက် ထားသည့် အိမ်တိုင်ရာရောက် ရေမီတာသုံးစနစ် ဆောင်ရွက်ထားရှိမှုအားလည်းကောင်း၊ ကျေးလက် စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း ထောက်ပံ့ငွေဖြင့် ဆောင်ရွက်နေသော ဝက်မွေးမြူရေးလုပ်ငန်းအားလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးရာ ပြည်ထောင်စုဝန်ကြီးက ကဏ္ဍအလိုက် လုပ်ငန်းလိုအပ်ချက်များအား ဆွေးနွေးမှာကြားကာ လုပ်ငန်းဆောင်ရွက်နေသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်