သနပ်ပင်မြို့နယ် ဖရဲကျေးရွာ၌ RBF စီမံကိန်း ရန်ပုံငွေ ထုတ်ချေး
သနပ်ပင်၊ ဇွန် ၁၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖရဲကျေးရွာ၌ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အငယ်စား၊အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သောငွေကြေးအရင်းအနှီး ရရှိစေရန် ရည်ရွယ်၍ ကျေးလက်စီးပွားမြင့်မား ရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF) ရန်ပုံငွေထုတ်ချေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
ရှေးဦးစွာ ပဲခူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆန်းမင်းနှင့်သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ကေသီထွန်းတို့က ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF) လက်စွဲစာစောင်ပါ လမ်းညွှန်ချက်များ၊ စီမံကိန်းဆောင်ရွက်ရခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ ၊ ငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ ၊ကျေးရွာနေ ပြည်သူများ ထားရှိရမည့် ကျေးရွာစိတ်ဓါတ်တို့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၏ ဥပဒေ၊နည်းဥပဒေများအကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပဲခူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆန်းမင်း၊သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ကေသီထွန်း နှင့် စီမံကိန်း တာဝန်ခံဝန်ထမ်းများက RBF စီမံကိန်းကော်မတီဝင်များထံ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် ကျေးရွာ RBF စီမံကိန်း ကော်မတီဝင်များက ဖရဲကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း စီမံကိန်း(RBF) ဒုတိယအကြိမ် အဖြစ် ရေလုပ်ငန်းလုပ်ငန်းလုပ်ကိုင်သည့် Lucky fishအဖွဲ့ နှင့် Golden fishအဖွဲ့ ၊ Star fishအဖွဲ့ နှင့် Yellow fishအဖွဲ့ တို့အား တစ်ဖွဲ့လျှင် ငွေကျပ်၇၅သိန်းစီဖြင့် စုစုပေါင်း အဖွဲ့ လေးဖွဲ့ ထံသို့ငွေကျပ်သိန်း ၃၀၀ထုတ်ချေးပေးခဲ့ကြောင်း သနပ်ပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူးဒေါ်ကေသီထွန်းထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်