Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာယာဝတီမြို့နယ် ကျေးရွာ ၃ ရွာ၌ မြစိမ်းရောင်စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေး


12 Jun,2026

သာယာဝတီမြို့နယ် ကျေးရွာ ၃ ရွာ၌ မြစိမ်းရောင်စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေး

‎************************************************************************

‎သာယာဝတီ     ဇွန်      ၁၂

‎သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တနိုင်တပိုင်အသေးစားစီးပွားရေး လုပ်ငန်းများဆောင်ရွက်ရန် ငွေကြေးအရင်းအနှီးရရှိပြီး မိသားစုစားဝတ်နေရေးကို အထောက်အကူ ပြုနိုင်ရန်အတွက် သာယာဝတီမြို့နယ်အတွင်းရှိ ကရင်ဝက်လူးကျေးရွာ၊ မြန်မာဝက်လူးကျေးရွာနှင့် ပြည်တော်သာကျေးရွာတို့၌ မြစိမ်းရောင်စီမံကိန်းအရင်းမပျောက်လည်ပတ် ရန်ပုံငွေ ထုတ်ချေးပေးခြင်း ကို (၁၁-၆-၂၀၂၆)ရက်နေ့နံနက်ပိုင်းက ပြည်တော်သာကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

‎‎ရှေးဦးစွာ သာယာဝတီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးညွန့်ဇော်က မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး သာယာဝတီမြို့နယ်မှ ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်လေးလေးလွင်က ရန်ပုံငွေထုတ်ချေးရာတွင် လိုက်နာရန် စည်းကမ်းများ၊ အတိုး/အရင်းပေးဆပ်ရန်ကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များကို ရှင်းလင်း ပြောကြားသည်။

‎‎ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက စီမံကိန်းရန်ပုံငွေကျပ် ၄၂ ဒသမ ၆ သန်း ကို ကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ပြီး ကျေးရွာ ၃ ရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၁၀၈ ဦးကို ငွေကျပ် ၃၈ ဒသမ ၉၃ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၄ ဦးကို ငွေကျပ် ၃ ဒသမ ၅ သန်း၊ အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးကို ငွေကျပ် သုည ဒသမ ၁၇ သန်း၊ စုစုပေါင်း စီမံကိန်းအသင်းဝင် ၁၂၃ ဦးကို ငွေကျပ် ၄၂ ဒသမ ၆ သန်းအား အတိုးနှုန်းသက်သာစွာဖြင့် တစ်ဦးချင်းလက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးပေးခြင်းကို ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

‎‎ထို့နောက် ခရိုင်ဦးစီးမှူး ဦးညွန့်ဇော်နှင့် တာဝန်ရှိသူများက ကျေးရွာအတွင်း မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများဖြင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သာယာဝတီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်