ပင်းတယ ဇွန် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ အင်းငယ် ကျေးရွာအုပ်စု၊ အင်းငယ်ဘုန်းတော်ကြီးကျောင်းတွင် အင်းငယ်ကျေးရွာအုပ်စုအတွင်းရှိ ပြည့်ဖြိုး အောင်မျိုးစေ့ထုတ်သမဝါယမအသင်းနှင့် ညောင်ပင်ဝိုင်းစိုက်/ထွေသမဝါယမအသင်းသူ၊ အသင်းသား များအား သမဝါယမဦးစီးဌာနမှ ပြည်ထောင်စုဘဏ္ဍာရံပုံငွေဖြင့်ပေးအပ်သော သက်တန့်ရောင် စီမံကိန်း(အရင်းမပျောက်ရံပုံငွေ)ဖြင့် မိုးစပါးအတွက်သွင်းအားစု ထောက်ပံ့ ပေးအပ်ပွဲ အခမ်း အနားကို ကျင်းပသည်။
ဦးစွာ ပင်းတယမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများမှ မိုးစပါး စိုက်ပျိုးလျက်ရှိသည့် အသင်း(၂)သင်းမှ တောင်သူများအတွက် စုစုပေါင်းစိုက်ဧက(၁၂၄) အတွက် ငွေကျပ်သိန်း (၃၅၇ ဒသမ ၁၂) နှင့်ညီမျှသော သွင်းအားစုများအား အသင်းသား တောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်