Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သင်္ဃန်းကျွန်းမြို့နယ်၌ သမဝါယမအသင်း အမှုဆောင်များနှင့် အသင်းဝန်ထမ်းများအား အခြေခံ စာရင်းရေး စာရင်းကိုင်သင်တန်း ဆင်းပွဲ ကျင်းပ


15 Jun,2026

သင်္ဃန်းကျွန်း ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်တို့ ပူးပေါင်း ဆောင်ရွက်သည့်  မြို့နယ်သမဝါယမအသင်း အမှုဆောင်များနှင့် အသင်းဝန်ထမ်းများ အခြေခံစာရင်းရေး စာရင်းကိုင်သင်တန်းဆင်းပွဲ အခမ်းအနားအား အဆိုပါ အသင်းရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် သင်္ဃန်းကျွန်းမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်စိုးက သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်္ဃန်းကျွန်းမြို့နယ် သမဝါယမအသင်းစု ဒုတိယဥက္ကဋ္ဌ ဦးကျော်သောင်းက ဆက်လက်ပြောကြားသည်။ ထို့နောက် သင်တန်း၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများအား ဦးအောင်စိုးနှင့် တာဝန်ရှိသူများက ဆုများနှင့် သင်တန်းဆင်း  အောင်လက်မှတ်များ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး  စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။

ဇော်မိုး (သင်္ဃန်းကျွန်း)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်