Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အိမ်မဲမြို့တွင် မိုးစပါးစီမံကိန်းသီးနှံလုပ်ငန်းဆောင်ရွက်မည့် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသား တောင်သူများအတွက် သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကျင်းပ


15 Jun,2026

အိမ်မဲ ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သမဝါယမဦးစီးဌာနရုံးခန်းမတွင် ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မိုးစပါးစီမံကိန်းသီးနှံလုပ်ငန်းဆောင်ရွက်မည့် စိုက်ပျိုးထုတ် လုပ်ရေးသမဝါယမအသင်းသား တောင်သူများအတွက် သွင်းအားစု​ပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မင်းသိန်းက သွင်းအားစုပေးအပ်ပွဲဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြာခဲ့သည်။

ဆက်လက်ပြီး တာဝန်ရှိသူများက မိုးစပါးစီမံကိန်းသီးနှံလုပ်ငန်းဆောင်ရွက်မည့် စိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းသားတောင်သူ (၃၅)ဦး၏ စိုက်ပျိုးမြေဧက (၂၅၀)ဧက အတွက် ပုလဲဓာတ်မြေသြဇာ (၁၅၀) အိတ်အား ပေးအပ်ခဲ့ကာ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ချစ်သက်လယ် (ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်