Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်တံခါးမြို့နယ် အထက်ဘုံမဲဇာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများထုတ်ချေး


15 Jun,2026

ကျောက်တံခါးမြို့နယ် အထက်ဘုံမဲဇာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများထုတ်ချေး
=====================================
ကျောက်တံခါးမြို့နယ်၊ ဇွန်-၁၅
 
       သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက ဆီဆုံကုန်းကျေးရွာအုပ်စု၊ အထက်ဘုံမဲဇာကျေးရွာ၌ ဧကသမအကြိမ်‌မြောက်မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
     ရှေးဦးစွာ ကျောက်တံခါးမြို့နယ်ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုစုလှိုင်က အထက်ဘုံမဲဇာကျေးရွာမှ တာဝန်ရှိသူ များ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၊ အသင်းသားအသင်းသူများနှင့်တွေ့ဆုံပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ အ ကျိုးကျေးဇူးများ၊ စီမံကိန်းလက်စွဲစာစောင်ပါအ ကြောင်းအရာများ၊ ကျေးလက်နေပြည်သူများ ထားရှိရမည့် ကျေးရွာစိတ်ဓါတ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့်ခံစားခွင့် များ၊ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းပြောကြား သည်။
      ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက  အတိုးနှုန်းနှင့် စီမံကိန်းစက်ဝန်းကာလသတ်မှတ် ချက်များ၊ ချေးငွေထုတ်ချေးပေးရာတွင်လိုက်နာရ မည့် စည်းမျဉ်းစည်းကမ်းချက်များကို ရှင်းလင်း ပြောကြားပြီး ဦးစီးအရာရှိ ဒေါ်စုစုလှိုင်က မြစိမ်း ရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံသို့ စီမံကိန်းရန်ပုံငွေကျပ် ၅၃ ဒဿမ ၈၀ သန်းကို လွှဲ ပြောင်းပေးအပ်သည်။
       ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ် ငန်းအဖွဲ့ဝင်များက အထက်ဘုံမဲဇာကျေးရွာရှိ စိုက် ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၅၈ ဦးကိုငွေကျပ် ၃၄ ဒသမ ၈၀ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၇ ဦးကိုငွေကျပ် ၁၀ ဒသမ ၃၀ သန်း၊ အရောင်းအ ဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၂ဦးကိုငွေကျပ် ၇ဒသမ ၇၀ သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ် ကိုင်သူ နှစ်ဦးကိုငွေကျပ် ၁၀ သန်း၊ စုစုပေါင်းအ သင်းသားအသင်းသူ ၈၉ ဦးကို မြစိမ်းရောင်ကျေး ရွာစီမံကိန်းရန်ပုံငွေကျပ် ၅၃ ဒသမ ၈၀ သန်းကို အတိုးနှုန်းသက်သာစွာဖြင့်ထုတ်ချေးပေးခဲ့ကြောင်း ကျောက်တံခါးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ပိုးအိဖြူကိုထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်