တောင်ငူ ဇွန် ၁၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးတာဝန်ခံအင်ဂျင်နီယာချုပ် ဦးထွန်းဝေ၊ တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများသည် ယမန်နေ့က ရေတာရှည်မြို့နယ်အတွင်း သပြေတန်း - ထန်းကုန်း - ဇလုပ်ကြီးလမ်းပေါ်ရှိ ကွန်ကရစ်တံတား မြေကာနံရံ တည်ဆောက်ခြင်း၊ အမတ်ကြီးခုံ၊ ဇလုပ်ကြီးကုန်ထုတ်လမ်းနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် ဇလုပ်ကြီးကျေးရွာလမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်းနှင့် နတ်ရေတွင်းကျေးရွာဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇော်ကိုကို(တောင်ငူ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်