မကွေး ဇွန် ၁၄
မကွေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလမ်း/တံတားတည်ဆောက်ခြင်းလုပ်ငန်းများကို ဇွန် ၁၂ ရက်က မကွေးတိုင်းဒေသကြီးကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ တာဝန်ရှိသူများသည် လွန်မြတ်ကန်ကျေးရွာအုပ်စု ကန်သစ်ကျေးရွာလုပ်ငန်းခွင်သို့ သွားရောက်ကွင်းဆင်းစစ်ဆေးသည်။
မကွေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းထွန်းဦးနှင့် မကွေးမြို့နယ် ဦးစီးအရာရှိ(မြို့ပြ)တို့က မကွေး-ရေနံချောင်းလမ်းမှ ကန်သစ်ကျေးရွာလမ်းပေါ်၌ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၃၇ ဒသမ ၅၀ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်ရေကျော်တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် ၂၆ သန်းဖြင့် ကျောက်ကြီးစီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်း Box Culvert နှစ်စင်း တည်ဆောက်နေမှုနှင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၁၉ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျောက်ကြီးစီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်း Box Culvert တစ်စင်း တည်ဆောက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမိုးထိုက်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါလုပ်ငန်းများအား ဇွန် ၂ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးပြီဖြစ်ပါ၍ ကျေးရွာငါးရွာ၊ အိမ်ခြေ ၁၂၂၈၊ လူဦးရေ ၅၆၇၈ ဦးတို့၏လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်