Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းရှူးမြို့၌ ရွှေဟင်္သာစျေး ငွေစုငွေချေးသမဝါယမ အသင်းလီမိတက် (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


16 Jun,2026

မိုင်းရှူး ဇွန် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ရွှေဟင်္သာစျေး ငွေစုငွေချေး သမဝါယမအသင်းလီမိတက် (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို အမှတ်(၂)ရပ်ကွက်၊သမဝါယမအသင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အစည်းအဝေးတွင် ရွှေဟင်္သာစျေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးဝင်းသူက သဘာပတိအဖြစ် ဆောင်ရွက်ပြီး သဘာပတိက မိန့်ခွန်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးအောင်မြင့်က အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်ဝန်ထမ်းပေါင်းစုံအသင်း၏ ဒါရိုက်တာအဖွဲ့ဝင် ဒေါ်မြမြလွင်က ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြားရာ သဘာပတိက အဆိုပါရှင်းတမ်းအား အတည်ပြုခဲ့သည်။ ယင်းနောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် စုဆောင်းငွေ (၈၈,၈၆၆,၇၆၅) ကျပ်ရှိပြီး စုဆောင်းငွေပေါ်အတိုးနှင့် အစုပေါ်အမြတ်ငွေကို တာဝန်ရှိသူများက အသင်းသား (၂၃၇) ဦးထံ ပေးအပ်သည်။ အဆိုပါ အခမ်းအနားတွင် သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်းသား၊ အသင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မိုင်းရှူး(ပြန်/ဆက်)

ရှမ်းပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်