ဝမ်းတွင်း ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ လူမှုစီးပွားဘဝမြှင့်တင်ရေး(သက်တန့်ရောင်) စီမံကိန်းဖြင့် ဝါသီးနှံစိုက်သမဝါယမအသင်းသားတောင်သူများအား မျိုးနှင့်သွင်းအားစုပေးအပ်ပွဲ ကို မြို့နယ်သမဝါယမအသင်းစုခန်းမတွင် ကျင်းပသည်။
ပေးအပ်ပွဲတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုးက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးက လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းပြောကြားသည်။ ၎င်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှု ကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်း၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး နှင့်တာဝန်ရှိသူများကလူမှုစီးပွားဘဝမြှင့်တင်ရေး(သက်တန့်ရောင်) စီမံကိန်းဖြင့် ဝါသီးနှံစိုက် သမဝါယမအသင်းသားတောင်သူများအား မျိုးနှင့် သွင်းအားစု ပေးအပ်ခဲ့ရာ သမဝါယအသင်း သားများကိုယ်စား အသင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ သည်။
မြို့နယ်ပြန်/ဆက်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်