Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြို့သစ်မြို့နယ် စစ်တောကုန်း- ရွာသစ်-(တောင်တွင်းကြီး-မြို့သစ်-နတ်‌မောက်)လမ်းပေါ်၌ ကျောက်ကြီးစီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်း Box Culvert သုံးစင်း တည်ဆောက်နေမှု စစ်ဆေး


15 Jun,2026

မြို့သစ်မြို့နယ် စစ်တောကုန်း- ရွာသစ်-(တောင်တွင်းကြီး-မြို့သစ်-နတ်‌မောက်)လမ်းပေါ်၌ ကျောက်ကြီးစီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်း Box Culvert သုံးစင်း တည်ဆောက်နေမှု စစ်ဆေး

**********************************************
မြို့သစ် ဇွန် ၁၅
         
     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မ‌ ကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ရက်(၁၀၀)စီမံချက် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် စစ်တောကုန်း- ရွာသစ်-(တောင်တွင်းကြီး-မြို့သစ်-နတ်‌မောက်)လမ်းပေါ်၌ ကျောက်ကြီးစီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်း Box Culvert သုံးစင်း တည်ဆောက်နေမှု အခြေအ နေများကို ဇွန် ၁၄ရက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမိုးထိုက်၊ မကွေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းထွန်းဦး၊ မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံအင်ဂျင်နီယာ(မြို့ပြ) ဒေါ်လဲ့လဲ့ခိုင်နှင့် တာဝန်ရှိသူများက စစ်တောကုန်း- ရွာသစ်-(တောင်တွင်းကြီး-မြို့သစ်-နတ်‌မောက်)လမ်းပေါ်၌ ကျောက်ကြီးစီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်း Box Culvert သုံးစင်း တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူး ဦးဝင်းမိုးထိုက်က လုပ်ငန်းများ အရည်အသွေးပြည့်မီ ကောင်းမွန်ရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
     အဆိုပါ စစ်တောကုန်း- ရွာသစ်-(တောင်တွင်းကြီး-မြို့သစ်-နတ်‌မောက်)လမ်းပေါ်၌ ကျောက်ကြီးစီကမ်းကပ်ခုံနှင့် အရှည် ငါးပေ၊ အကျယ် ၂၄ ပေ၊ အမြင့် ငါးပေရှိသည့် သံကူကွန်ကရစ်ကြမ်းခင်း Box Culvert သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် ၅၇သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆ခုနှစ်၊ မေ ၁၁ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ၉၀ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ခံအင်ဂျင်နီယာ(မြို့ပြ) ဒေါ်လဲ့လဲ့ခိုင်ထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်