ဘဏ္ဍရေးစည်းမျဉ်နှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲကျင်းပ
နေပြည်တော် ဇွန် ၁၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဘဏ္ဍာရေးစည်းမျဉ်းနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ကို ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ် (၃၆-B) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) ကွန်ပျူတာသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက “ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်း များ၊ “ဌစ”ပုံစံများအား ကွန်ပျူတာဖြင့် စာရင်းရေးဆွဲခြင်း၊ ကြွေးမြီ၊ အပ်ငွေ၊ ယာယီစာရင်းများ ရေးသွင်းခြင်း၊ စာရင်းစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များအပြင် ပြင်ပဌာနများဖြစ်သော မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်)မှ LC နှင့် DL ဖွင့်လှစ် ခြင်းဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံခြားငွေစာရင်းဖွင့်လှစ်သည့် ကိစ္စရပ်များနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှလည်း ငွေစာရင်းပုံစံများအား လာရောက်သင်ကြားဆွေးနွေးပေးမှာဖြစ် တဲ့အတွက် သင်တန်းသားများအနေဖြင့် စနစ်တကျ တတ်မြောက်နားလည်ပြီး မိမိတို့ရဲ့ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာမှာ ယခင်ကထက် ပိုမိုထိရောက် လျင်မြန် လွယ်ကူစွာဆောင်ရွက်နိုင်စေရန်၊ ဦးစီးဌာနရဲ့ ရည်မှန်းချက်ပန်းတိုင် များနဲ့ မဟာဗျူဟာများအောင်မြင် ပြီးမြောက်စေသော လုပ်ဆောင်ချက် အစီအစဉ်များ ရရှိစေရန်အတွက် ဝန်ထမ်းများရဲ့ အရည်အချင်းပြည့်ဝစေရန်” မှာကြားခဲ့ပါသည်။
ဆက်လက်ပြီး သင်တန်းသားသင်တန်းသူများမှ တစ်ဦးချင်းမိတ်ဆက်ခြင်း၊ တက်ရောက်လာသူများနှင့် မှတ်တမ်းဓာတ်ပုံရိုက်ခြင်းတို့ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်တို့မှ သင်တန်းသား/သူ (၄၀) ဦးတက်ရောက်ပြီး သင်တန်းကာလမှာ (၅) ရက်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်