Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး လမ်းဒီဇိုင်းပုံထုတ်ခြင်း သင်တန်းဆင်းပွဲကျင်းပ


16 Jun,2026

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး လမ်းဒီဇိုင်းပုံထုတ်ခြင်း သင်တန်းဆင်းပွဲကျင်းပ

‎************************************************************************

‎မြိတ်        ဇွန်        ၁၆

‎‎သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားတိုးတက် လာစေရန်အတွက် ဖွင့်လှစ်သင်ကြားခဲ့သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး လမ်းဒီဇိုင်းပုံ ထုတ်ခြင်းသင်တန်းဆင်းပွဲကို ဇွန် ၁၅ ရက်နေ့က အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

‎‎ရှေးဦးစွာ မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိုးက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ဌာန၏ လုပ်ငန်းတာဝန်များအနက် ဝန်ထမ်းများစွမ်းရည် ပြည့်ဝရေးသည် အခြေခံတစ်ခုဖြစ်ကြောင်း၊ မိမိက ပညာပြည့်ဝမှသာလျှင် ပြည်သူအကျိုးပြု လုပ်ငန်းများဆောင်ရွက်ရာ၌ အဆင်ပြေလွယ်ကူမည်ဖြစ်ကြောင်း၊ ဌာနမှ ဆောင်ရွက်နေသည့် ကုန်ထုတ်လမ်းဆိုတာ ကျေးလက်ဒေသများရှိ လယ်ယာစိုက်ခင်းများနှင့် ဈေးကွက်ကို ချိတ်ဆက် ပေးတဲ့လမ်းဖြစ်တဲ့အတွက် ကျေးလက်နေပြည်သူများ၏ အသက်သွေးကြောဖြစ်ကြောင်း၊ ကုန်ထုတ်လမ်းတွေကို စံချိန်စံညွှန်ပြည့်မီစွာနဲ့ ရေရှည်တည်တံ့အောင် ပုံဖော်ဖန်တီးပေးမည့်သူများက ယခုသင်တန်းတွင် တက်ရောက်ခဲ့ကြတဲ့ သင်တန်းသူ သန်တန်းသားများဖြစ်ကြောင်း၊ သင်တန်းမှ သင်ယူတတ်မြောက်ပြီးသော အသိပညာ အတတ်ပညာများကို ဆက်လက်လေ့လာသင်ယူပြီး လက်ဆင့်ကမ်းမျှဝေကြစေလိုကြောင်း ပြောကြားသည်။

‎‎ထို့နောက် ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိုးက သင်တန်းသူ သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

‎‎အဆိုပါသင်တန်းကို ဇွန် ၉ ရက်နေ့မှ ၁၅ ရက်နေ့ထိ သင်တန်းကာလ ၇ ရက်ကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး မြိတ်ခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်များမှ သင်တန်းသူ သင်တန်းသား ၁၀ ဦး တက်ရောက်သင်ယူခဲ့ကြောင်း မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်