Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ရေးမွမ်းမံသင်တန်းဖွင့်လှစ်


16 Jun,2026

မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ရေးမွမ်းမံသင်တန်းဖွင့်လှစ်
 
နေပြည်တော် ဇွန် ၁၆ရက်
 
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပြည်သူကိုယ်တိုင်စီမံခန့်ခွဲသည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း တစ်ခုဖြစ်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအား စနစ်တကျ အကောင်အထည်ဖော်နိုင်ရေးနှင့် ဆောင်ရွက်မှု အခြေအနေများအား ပြန်လည်သုံးသပ်နိုင်ရန်အတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ရေးမွမ်းမံသင်တန်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်)၊ သင်တန်းခန်းမ၌ (၁၅-၆-၂၀၂၆)ရက်နေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်ညိုညိုဝင်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး အဆိုပါသင်တန်းတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း မူဝါဒနှင့်ရှေ့လုပ်ငန်း စဉ်များ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး၊ ဥပဒေရေးရာကိစ္စရပ်များ၊ Risk Management Fund ထူထောင်အသုံးပြုရေး၊ Mobile Financial Payment စနစ်အသုံးပြုခြင်း၊ ငွေစာရင်းပုံစံရေးသွင်းခြင်း၊ Management Information System (MIS) နည်းပညာသုံး အချက် အလက်များဖြည့်သွင်းခြင်းနှင့် အစုအဖွဲ့လိုက် သုံးသပ်ဆွေးနွေးခြင်းများကို တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ သင်တန်းသား/ သူ(၄၀)ဦးတို့အား (၁၅-၆-၂၀၂၆)ရက်နေ့မှ (၁၉-၆-၂၀၂၆)ရက်နေ့အထိ (၅)ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။ 
 
 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်