Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျုံပျော်မြို့နယ် ကျိုက်ပါရွာမကျေးရွာ၌ ဘီးနင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီး မှုစစ်ဆေး


18 Jun,2026

ကျုံပျော်မြို့နယ် ကျိုက်ပါရွာမကျေးရွာ၌ ဘီးနင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီး မှုစစ်ဆေး
=====================================
ကျုံပျော်၊ ဇွန်-၁၈
 
    တနင်္သာရီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံ ပျော်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ကျိုက်ပါကျေးရွာအုပ်စု၊ ကျိုက်ပါရွာမကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းစီမံကိန်း (VDP)ထောက်ပံ့ငွေနှင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့်ဘီးနင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင် ရွက်ပြီးစီးနေမှုအခြေအနေများကို တာဝန်ရှိသူများ မှ ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးကြ ကြောင်းသိရသည်။
     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျုံပျော်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်မောင်ဌေး၊ ကျုံပျော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစန္ဒာဌေးနှင့် ဝန်ထမ်းများမှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ကျိုက်ပါရွာမကျေးရွာ၌ ဘီးနင်းကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုအခြေအ နေများကို ကြည့်ရှု့စစ်ဆေးကြပြီးနောက် ခရိုင်ဦး စီးမှူးက ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာဖွံ့ဖြိုး ရေးကော်မတီဝင်များကို ဆောင်ရွက်ပြီးဘီးနင်း ကွန်ကရစ်လမ်းအားအကျိုးရှိစွာအသုံးပြုနိုင်ရေး သက်ဆိုင်သူအားလုံးက ထိန်းသိမ်းကြရန်လမ်း ညွှန်မှာကြားခဲ့ကြောင်းသိရသည်။
       ကျုံပျော်မြို့နယ် ကျိုက်ပါရွာမကျေးရွာ၌ အရှည် ၉၆၀ ပေ၊ အကျယ် ၂ ပေ ၆ လက်မ၊ အမြင့် ၆ လက်မရှိသော ဘီးနင်းကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ထောက်ပံ့ငွေကျပ် ၁၅ သန်း၊ ကျေးရွာပြည်သူလူထုလုပ်အားပါဝင်မှုတို့ ဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာကူညီမှု၊ကြီး ကြပ်မှုတို့ဖြင့် ကျေးရွာသူကျေးရွာသားများကိုယ် တိုင် မေလ ၁၅ ရက်နေ့မှစတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများအား လုံးရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ် ကြောင်း၊ အဆိုပါကျေးရွာရှိ ကျေးရွာသူကျေးရွာ သားများမှာ သွားလာရေးလွယ်နေပြီဖြစ်ကြောင်း ကျုံပျော်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်မောင်ဌေးထံမှသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်