Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပွင့်ဖြူမြို့နယ်၌ သမဝါယမအသင်းသားတောင်သူများအားမျိုးနှင့် သွင်းအားစုများ ပေးအပ်


16 Jun,2026

ပွင့်ဖြူ ဇွန် ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် နိုင်ငံတော်ထောက်ပံ့ငွေဖြင့် လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်ရောင်)စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေမှ ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်အတွက် သမဝါယမအသင်းသားများအား မျိုးနှင့်သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ပွင့်ဖြူမြို့နယ် မုန်တောကြီးကျေးရွာ သီဟဇွဲမာန်စိုက်/ထွေ သမဝါယမအသင်း ဥက္ကဋ္ဌ နေအိမ်တွင် ကျင်းပသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက စီမံကိန်းနှင့်ပတ်သက်သည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဇင်ဦးက မျိုးနှင့်သွင်းအားစုများ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက မုန်တောကြီးကျေးရွာ သီဟဇွဲမာန်စိုက်/ထွေသမဝါယမ အသင်းမှ အသင်းသား ၅၉ ဦးကို တစ်ဧကလျှင် ငွေကျပ် ၂၈၈၀၀၀ နှုန်းဖြင့် စိုက်ဧက ၁၄၅ ဧကအတွက် စုစုပေါင်းငွေကျပ် (၄၁၇ .၆၀၀) သိန်းနှင့် ညီမျှသော မျိုးနှင့်သွင်းအားစုများကို ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်း၊ ပွင့်ဖြူမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဇင်ဦးနှင့်ဝန်ထမ်းများ၊ မုန်တောကြီးကျေးရွာရှိ သီဟဇွဲမာန်စိုက်/ထွေ သမဝါယမအသင်းဥက္ကဋ္ဌနှင့် အသင်းသားတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )

မကွေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်