Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်တွင်းကြီးမြို့နယ်၌ လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေ (သက်တန့်ရောင်စီမံကိန်း) မှ စပ်မျိုးဝါမျိုးစေ့သီးနှံစိုက် သမဝါယမအသင်းသား တောင်သူများထံသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနား ကျင်းပ


16 Jun,2026

တောင်တွင်းကြီး ဇွန် ၁၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်သမဝါယမဦးစီးဌာနမှ တိုင်းပြည် စားနပ်ရိက္ခာ‌များ ပေါများလာစေရန်၊ သွင်းအားစုများ ထုတ်‌ပေးခြင်းဖြင့် ပန်းတိုင် အထွက်နှုန်းရရှိပြီး ဝင်ငွေတိုးရေးနှင့် လူမှုစီးပွားမြှင့်တင်နိုင်ရန် ရည်ရွယ်၍ (သက်တန့်ရောင်စီမံကိန်း)မှ သီးလုံးဖောက်ပိုး ဒဏ်ခံနိုင်ရည်ရှိသည့် စပ်မျိုးဝါမျိုးစေ့သီးနှံစိုက် သမဝါယမအသင်းသားတောင်သူများထံသို့ သွင်းအားစု ပေးအပ်ပွဲအခမ်းအနားကို ကြက်ဆူတော(မြောက်)ကျေးရွာ၊ ရေပြားကျေးရွာနှင့် ပိန္နဲပင်ကျေးရွာတို့၌ ကျင်းပပြုလုပ်ခဲ့သည်။

သွင်းအားစုပေးအပ်ပွဲအခမ်းအနားတွင် တောင်တွင်းကြီးမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသိန်းက လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေ (သက်တန့်ရောင်စီမံကိန်း)မှ လုပ်ငန်းဆောင်ရွက်မှု နှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေ (သက်တန့်ရောင်စီမံကိန်း)မှ  ကြက်ဆူတော(မြောက်)ကျေးရွာတွင် သမဝါယမအသင်းသားတောင်သူ ၄၀ ဦး၏ စိုက်ဧက ၈၀ အတွက်  ၁၈ ဒသမ ၈၈ သန်းနှင့်ညီမျှ‌သော သွင်းအားစုများကိုလည်းကောင်း၊ ရေပြားကျေးရွာတွင် သမဝါယမအသင်းသားတောင်သူ ၂၀ ဦး၏ စိုက်ဧက ၆၀  အတွက် ၁၄ ဒသမ ၁၆ သန်းနှင့်ညီမျှ‌သော သွင်းအားစုများကိုလည်းကောင်း၊ ပိန္နဲပင်ကျေးရွာတွင် သမဝါယမအသင်းသားတောင်သူ ၁၂ဦး၏ စိုက်ဧက ၆၀အတွက် ၁၄ ဒသမ ၁၆သန်းနှင့် ညီမျှသော သွင်းအားစုများလည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက သွင်းအားစုများကို အသင်းသားတောင်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။ ထို့နောက် သမဝါယမအသင်းသားတောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)

မကွေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်