Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကြံခင်းမြို့၌ သမဝါယမအသင်းသား မိုးစပါးနှင့် မိုးမြေပဲစိုက်တောင်သူများနှင့်တွေ့ဆုံ၍ အသိပညာပေး


16 Jun,2026

ကြံခင်း ဇွန် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်သမဝါယမဦးစီးဌာန၌ သမဝါယမအသင်းသား မိုးစပါးနှင့် မိုးမြေပဲစိုက်တောင်သူများနှင့်တွေ့ဆုံ၍ အသိပညာပေးဟောပြောဆွေးနွေးပွဲကို အဆိုပါရုံးရှိ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးသိန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာက သမဝါယမအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များ၊ မိုးစပါးစိုက်တောင်သူများနှင့် ဆီထွက်သီးနှံ မိုးမြေပဲစိုက် တောင်သူများအား သမဝါယမအသင်းသား စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းပြောကြားခဲ့သည်။ ထို့နောက်ဦးနေလင်းအောင် (စိုက်ပျိုးရေး နည်းပညာ)က တောင်သူများ၏ စိုက်ပျိုးရေးနည်းပညာ လိုအပ်ချက်၊ ဓာတ်မြေဩဇာ၊ ရွက်ဖြန်း အားဆေးသုံးစွဲမှု၊ သုံးစွဲပုံ၊ ဆိုးကျိုး၊ ကောင်းကျိုးစသည့်တို့ကို ရှင်းလင်းဟောပြောပြီး၊ တောင်သူ များက သိရှိလိုသည်များအား အသီးသီးမေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားဆွေးနွေးပေးခဲ့သည်။

ယင်းနောက် စိုက်ပျိုးရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေမည့် ရွက်ဖြန်းအားဆေး များအား စံပြစိုက်ပျိုးမည့် တောင်သူများထံ ပံ့ပိုးကူညီပေးခဲ့သည်။ အဆိုပါအသိပညာပေးပွဲသို့ ကြံခင်းမြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ၊ အသင်းသား၊ အသင်းသူ တောင်သူများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်