Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကလောမြို့နယ်၌ မိုးစပါးစိုက်ပျိုးလျက်ရှိသည့် သမဝါယမအသင်းသားများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်


16 Jun,2026

ကလော ဇွန် ၁၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် သမဝါယမဦးစီးဌာနမှ ဟဲဟိုးမြို့၊ ဘုရားပျို‌ကျေးရွာ၌ ရက်(၁၀၀)စီမံချက်အတွင်း မိုးစပါးစိုက်ပျိုး လျက်ရှိသည့် သမဝါယမအသင်းသားတောင်သူများအား တာဝန်ရှိသူများက သွင်းအားစုထောက်ပံ့ ပေးအပ်ခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်က မိုးစပါး စိုက်ပျိုးရာတွင် "စနစ်ကျသော စိုက်ပျိုးရေး" စနစ်ဖြစ်စေရန်နှင့် သွင်းအားစုများ စနစ်တကျသတ်မှတ် ရက်အတိုင်း အချိန်ကိုက်ကျွေး‌ရန်လိုအပ်ပြီး ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး အမှာစကားပြောကြား ခဲ့ပြီး ပြည်နယ်ဦးစီးမှူး၊ ကလောမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ၊ မြို့နယ်သမဝါယမ အသင်းစုမှဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ မိုးစပါးစိုက်ပျိုးလျက်ရှိသည့် ဘုရားပျိုစိုက်ပျိုး‌ရေးနှင့် အထွေထွေ လုပ်ငန်းသမဝါယမအသင်းမှ မိုးစပါး စိုက်‌ဧက (၄၀၀)အတွက် ကျပ်သိန်း (၁၂၀၀)နှင့်ညီမျှသော သွင်းအားစုများအား သမဝါယမအသင်းသား တောင်သူများသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)

ရှမ်းပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်