Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ သမဝါယမစာရင်းရေးစားရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပဉ္စမအကြိမ်မြောက် သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်


18 Jun,2026

တောင်ကြီး ဇွန် ၁၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သမဝါယမဦးစီးဌာန၊ သမဝါယမစာရင်းရေးစားရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်း (တောင်ကြီး)၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပဉ္စမအကြိမ်မြောက် သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာပြည်နယ်ဝန်ကြီးက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် စာရင်းကိုင်ပညာသည် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို မှတ်တမ်းတင်ခြင်း၊ စိစစ်ခြင်းဆောင်ရွက်ရသည့်အတွက် လုပ်ငန်းများကောင်းမွန်စွာ လည်ပတ်နိုင်ရန် အရေးကြီးသည့် ပညာရပ်တစ်ခုဖြစ်ကြောင်း၊ စာရင်းစစ်ဆေးခြင်းဘာသာရပ်သည်လည်း လုပ်ငန်းတစ်ခုအောင်မြင်ရန် မရှိမဖြစ် အရေးကြီးသည့် ပညာရပ်တစ်ခုဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် သင်တန်းကျောင်းမှ သင်ကြားပေးသည့် ပညာရပ်များဖြင့် တစ်ဖက်တစ်လမ်းမှ တာဝန်ထမ်းဆောင်နိုင်သူများဖြစ်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူ‌ရေးနှင့် ဆည်မြောင်းဝန်ကြီးက ဆန်အိတ် (၁၁၀) အိတ်နှင့် စားစရိတ်ငွေကျပ် (၁၀၆.၁၉) သိန်းအားလည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း/အရှေ့ပိုင်း) သမဝါယမအသင်းစုချုပ်လီမိတက်မှ စားသုံးဆီတစ်နှစ်စာအတွက် အလှူငွေ (၄၈) သိန်းအား လည်းကောင်း ပေးအပ်ရာ သမဝါယမစာရင်းရေးစားရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး)မှ တာဝန်ရှိသူများက လက်ခံရယူသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးက သင်တန်းသား/ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေး၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း‌ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထက်ဝေ(ပြန်/ဆက်)

ရှမ်းပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်